Quantcast
Channel: minthantzaww
Viewing all 280 articles
Browse latest View live
ကမ္ဘာလေးမျိုး
$
0
0
ကပ္ပ-ဟူသော ပါဠိကို ကမ္ဘာ-ဟု မြန်မာပြန်ပါသည်၊
နှစ်ပေါင်းမည်၍မည်မျှရှိသည်ဟု အတိအကျမသိနိုင်၊ မရေတွက်နီုင်သဖြင့် ကြံဆ၍သိအပ်သော ကာလ အပိုင်းအခြား တခုကို ကပ္ပ-ကမ္ဘာ-ဟုခေါ်ပါသည်။
ကြံဆ၍သိအပ်ပုံကား-
အလျားအနံ အမြင့် တယူဇနာစီရှီသော တိုက်ကြီးတလုံးထဲ၌ အလွန်သေးငယ်သော မုန်ညင်းဖြူစေ့ ကလေးများ အပြည့်ထည့်ထားပြီး နှဏ်ပေါင်း တရာတရာလွန်သောအခါမှ တစေ့တစေ့သာ ယူပစ်သဖြင့် ထိုမုန်ညင်းစေ့ပုံကြီး ကုန်သွားသော်လည်း တကမ္ဘာ-ဟုခေါ်သော အချိန်ကာလကား မကုန်နိုင်သေး-ဟူ၍ ဥပမာ ပြကြပါသည်။
ကမ္ဘာ-ဟုခေါ်သော ထိုကပ် ( ကပ္ပ ) သည်
၁။ မဟာကပ်
၂။ အသင်္ချေယျကပ်
၃။ အန္တရကပ်
၎။ အာယုကပ် ဟူ၍ လေးမျိုးရှိသည်။
မဟာကပ်တခုကို တကမ္ဘာဟု ခေါ်ခြင်းဖြစ်သည်။
ထိုမဟာကပ်တခုသည် အသင်္ချေယျကပ် လေးခုနှင့်ညီမျှသည်။
အသင်္ချေယျကပ် လေးခုကား သံဝဋ္ဋကပ်၊ သံဝဋ္ဋဌာယီကပ်၊ ၀ိဝဋ္ဋကပ်၊ ၀ိဝဋ္ဋဌာယီကပ် တို့ဖြစ်သည်။
ထိုတွင် ၁။ ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးဖြင့်ပျက်မည့် ကမ္ဘာဖြစ်လျှင် မီးလျှံ စပ်သည့်တိုင်အောင်၊ ရေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျှင် ရေရပ်စဲသည့်တိုင်အောင်၊ လေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျှင် လေရပ်စဲသည့် တိုင်အောင်သော အချိန်ကာလကို သံဝဋ္ဋကပ်-ပျက်ဆဲ အချိန်ဟု ခေါ်သည်။
၂။ မီး ရေ လေ တခုခုဖြင့် ပျက်စီးသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည့်တိုင်အောင်သော အချိန်ကာလကို သံဝဋ္ဋဌာယီကပ်-အပျက်အတိုင်းတည်သော အချိန်ဟုခေါ်သည်။
၃။ ကမ္ဘာပြုမိုး ရွာသည်မှစ၍ နေလ နက္ခတ်တာရာတို့ ပေါ်ထွက်လာသည့်တိုင်အောင်သောအချိန်ကာလကို ၀ိဝဋ္ဋကပ်-ဖြစ်ပေါ်တိုးတက်ဆဲ အချိန်ဟု ခ်ါသည်။
၎။ နေလနက္ခတ်တာရာတို့ ပေါ်ထွက်လာသည့် အချိန်မှစ၍ နောက်တဖန် ကမ္ဘာဖျက်မိုး ရွာသည့်တိုင် အောင်သော အချိန်ကာလကို ၀ိဝဋ္ဋဌာယီကပ်-ဖြစ်ပေါ်တိုးတက်လာပြီးနောက် တည်တံ့နေသော အချိန်ဟု ခေါ်သည်။
အထက်ပါ အသင်္ချေယျကပ် လေးမျိုးတို့တွင် ၀ိဝဋ္ဋဌာယီကပ် အတွင်း၌သာလျှင် လူ့ပြည်၌ လူသတ္တ၀ါများ ဖြစ်ပေါ်လာကြသည်၊ ထိုလူသတ္တ၀ါတို့သည် ကမ္ဘာဦးအစတွင် နှစ်ပေါင်းအသင်္ချေ အသက်ရှည်ကြသည်၊ သို့သော် နောက်ပိုင်းတွင် လောဘ ဒေါသစသည့် အကုသိုလ်တရားများ ထူပြောလာ၍ သက်တမ်းတဖြည်း ဖြည်း ဆုတ်ယုတ်သွားရာ ဆယ်နှစ်တမ်းအထိ ရောက်သွားသည်၊ ထို့နောက် လူတို့က ကုသိုလ်တရားများကို ကျင့်သုံးကြပြန်သဖြင့် ဆယ်နှစ်တမ်းမှ အနှစ် ၂၀၊ အနှစ် ၄၀-စသည်ဖြင့် တဆထက်တဆ တိုးတက်ကာ အသက်အသင်္ချေယျတမ်းသို့ ရောက်သွားကြပြန်သည်၊ ဤသို့ လူတို့သက်တမ်း အသင်္ချေယျမှ ဆယ်နှစ် တမ်းအထိ ဆုတ်သွားပြီး၊ တဖန် ဆယ်နှစ်တန်းမှ အသင်္ချေယျအထိ ပြန်တက်သွားသည့် အချိန်ကာလ (ဆုတ်ကပ် တက်ကပ် တစုံ) ကို အန္တရကပ် တခုဟုခေါ်ပါသည်။
လူတို့ သက်တမ်းဆုတ်ယုတ်ရာတွင် လောဘလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် နောက်ဆုံး၌ လူတို့ သည် ငတ်မွတ်ခြင်းဘေး-ဒုဗ္ဘိက္ခန္တရကပ် ကျရောက်၍ သေကြေပျက်စီးကြရသည်။
ဒေါသလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် အချင်းချင်း လက်နက်ဖြင့် သတ်ဖြတ်ခြင်း-သတ္ထန္တရကပ် ကျရောက်၍ သေကြေပျက်စီးကြရသည်။
မောဟလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် ရောဂါဆိုး ကျရောက်ခြင်း-ရောဂန္တရကပ်ဖြင့် သေကြေ ပျက်စီးကြရသည်ဟု ဆိုပါသည်။
ဝိ၀ဋ္ဋဌာယီကပ်တခု၌ အန္တရကပ်ပေါင်း (၆၄)ခု ရှိသည်၊
သံဝဋ္ဋကပ်စသည့် ကျန်အသင်္ချေယျကပ် သုံးခုတို့သည်လည်း အန္တရကပ်ပေါင်း (၆၄)ခုနှင့် အသီးသီး ညီမျှကြသည်။ ထို့ကြောင့် တကမ္ဘာဟုခေါ်သော မဟာကပ်တခု၌ အသင်္ချေင်္ယျကပ်ပေါင်း လေးခုရှိသည်။ အန္တရကပ်ပေါင်းကား ( ၆၄-၄=၂၅၆ ) ကပ်ရှိသည်ဟု အချုပ်အားဖြင့် မှတ်ယူနိုင်ပါသည်။
ထိုထိုအချိန်ကာလ အားလျော်စွာ တည်ရှိသောလူတို့၏ သက်တမ်းကို အာယုကပ်ဟုခေါ်ပါသည်။ လူတို့ သက်တမ်းတရာဖြစ်လျှင် နှစ်ပေါင်းတရာသည် အာယုကပ် တခု ဖြစ်သည်။
သက်တမ်းတထောင်ဖြစ်လျှင် နှစ်ပေါင်းတထောင်သည် အာယုကပ်တခု ဖြစ်သည်။
သက်တမ်းရှည်လွန်းသောခေတ်၌ လူတို့အား အနိစ္စ ဒုက္ခတရားများ ထင်မြင်ရန် ခဲယဉ်းသည်၊
သက်တမ်းတိုလွန်းသောခေတ်၌ လူများသည်လည်း လောဘ ဒေါသ ထူပြောလွန်းသောကြောင့် ထိုတရား များကို မြင်ရန်မလွယ်ကြ၊ ထို့ကြောင့်မြတ်စွာဘုရားတို့သည် သက်တမ်းတသိန်းအထက်၌၄င်း၊ သက်တမ်း တရာအောက်၌၄င်း၊ မပွင့်ကြပဲ ထိုသက်တမ်းနှစ်ခုကြား၌သာ ပွင့်တော်မူကြသည်။
ဂေါတမမြတ်စွာဘုရားကား သက်တမ်း တရာခေတ်၌ ပွင့်တော်မူသည်ဖြစ်၍ သက်တမ်းအတိုဆုံး မြတ်စွာ ဘုရား ဖြစ်လေသည်။
( ကမ္ဘာနှစ်မျိုးနှင့် ကမ္ဘာငါးမျိုး )
သတ္တ၀ါတို့ ဖြစ်ပေါ်ရာ ကမ္ဘာသည်
မြတ်စွာဘုရားတို့ ကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရားတဆူမျှ မပွင့်သော သုညကမ္ဘာနှင့်
မြတ်စွာဘုရားတို့မှ မကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရား အနည်းဆုံး တဆူဖြစ်စေ ပွင့်သော အသုညကမ္ဘာဟူ၍ နှစ်မျိုးရှိသည်။
တဖန် ထိုအသုညကမ္ဘာသည်လည်း-
၁။ ဘုရားတဆူသာပွင်သော သာရကမ္ဘာ
၂။ ဘုရားနှစ်ဆူပွင့်သော မဏ္ဍကမ္ဘာ
၃။ ဘုရားသုံးဆူပွင့်သော ၀ရကမ္ဘာ
၎။ ဘုရားလေးဆူပွင့်သော သာရမဏ္ဍကမ္ဘာ
၅။ ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟူ၍ ငါးမျိုးရှိသည်။
ယခုရောက်ဆဲကမ္ဘာသည် ဘဒ္ဒကမ္ဘာဖြစ်၍ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရား လေးဆူ ပွင့်ခဲ့ပြီး နောင်တွင် အရိမေတ္တေယျ ဘုရားတဆူ ပွင့်ရန်ရှိပါသည်။
ဂေါတမဗုဒ္ဓ အလောင်းတော်သည် လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်တွင် ဒီပင်္ကရာမြတ်စွာ ဘုရားထံ၌ ဘုရားဆုကို ပန်ခဲ့သည်။
ထိုကမ္ဘာ၌ ဘုရားလေးဆူ ပွင့်တော်မူရာ ဒီပင်္ကရာမြတ်စွာဘုရားသည် စတုတ္ထမြောက် ဖြစ်သည်။
ထိုဘုရားလေးဆူနှင့်တကွ ဂေါတမမြတ်စွာဘုရားကိုပါ ထည့်သွင်း ရေတွက်ပါမှ လေးသင်္ချေနှင့် ကမ္ဘာ တသိန်း အတွင်း၌ မြတ်စွာဘုရားပေါင်း ( ၂၄ ) ဆူသာ ပွင့်ခဲ့သည်။
ဘုရားပွင့်သောကမ္ဘာကား ( ၁၁ ) ကမ္ဘာမျှသာ ရှိခဲ့သည်။ ကျန်သောကမ္ဘာပေါင်း ( ၉၉၉၈၉ ) ကမ္ဘာတို့မှာ ဘုရားမှဆိတ်သုဉ်းသော သုညကမ္ဘာများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော-ဘုရားတဆူ ဖြစ်ပေါ်လာခြင်းကို ရခဲလှပေ၏-ဟူ၍ ဟေကြားတော်မူခြင်း ဖြစ်ပါသည်။
( ဆောင်ပုဒ် )
တဆူသာရ ၊ နှစ်မဏ္ဍ ၊ ၀ရ သုံးဆူသာ ။
သာရ မဏ္ဍ ၊ လေးဆူပြ ၊ ဘဒ္ဒငါးဆူပါ ။
တဆူသော်မျှ ၊ မပွင့်က ၊ သုည ကပ်ကမ္ဘာ ။ 
မင်္ဂလာသတင်းစဉ်
ဥပုသ်စောင့်ပုံ
$
0
0
Photo: ဥပုသ်စောင့်ပုံ ======== (ဝါတွင်းကာလမှာ ဥပုသ်အကြောင်းလေး သိထားရအောင်လို့ပါခင်ဗျာ)  "ဥပုသ်"ဟူသော စကားသည် "ဥပေါသထ" ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊ "ဥပ+ဝသထ"ဟု ပုဒ်ခွဲ၊ ဥပ=ညစာ မစားခြင်း, သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍၊ +ဝသထ-နေခြင်း၊ ညစာမစားခြင်း သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရား ဂုဏ်တော်, တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို "ဥပုသ် စောင့်"ဟု ခေါ်သည်။  [ဆောင်] မိမိစိတ်မှာ, စင်ကြယ်လာအောင်, အင်္ဂါရှစ်တန်, သီလခံ၍, ခြိုးခြံအောင့်အည်း, တဖြောင့်တည်းဖြင့်, စောင့်စည်း အား ထုတ်, တရားကုတ်, ဥပုသ်စောင့်ဟုမှတ်။  ၁။ နက်ဖြန် ဥပုသ်စောင့်မည် ဟု ကြံစည်သော သူတော် စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင်ခြင်းငှာ မလျော်သောကြောင့် ယနေ့လို အခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။  ၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ်ထားရာ၏၊ [ဥပုသ်စောင့်ခိုက် ခါတိုင်း ထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်]။  ၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန်ကိစ္စနည်းအောင် ပြီးစီးကောင်းသော စားဖွယ်သောက်ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။  ၄။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။  ၅။ ပန်းပန်မှု နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။  ၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ [သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ဘုရား ပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟု နှုတ်ကမိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏။ ]  ၇။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ မျှသာ စီမံ၍ စားသောက်ရာ၏၊ [တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။]  ၈။ ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ [ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်- စိတ်ကြည်လင်မှ တရားအာရုံ့ပြု၍ ကောင်းသည်။]  ၉။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ် ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့် တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မာ ဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။  ၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု၍ ရွက်ဖတ်နေရာ၏၊ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို-လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။]  ၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရား နာရာ၏။  ၁၂။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။  ၁၃။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။  ♣♣ အောက်မေ့ပုံ  ရဟန္တာအရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း, သူ့ဥစ္စာကို ခိုးယူခြင်း, လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဥ့်စာစားမှု, ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား" ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာ ယောကျာ်း ရဟန္တာ မိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။  ၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့ သောအခါ အလိုလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်၊ [ယခုကာလ အချို့ အရပ် မှာလို ငါးပါးသီလယူကာ ဥပုသ်ချနေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။  ♣♣ ဥပုသ်ကာလ အပိုင်းအခြား  ဥပုသ်သည် ကာလ ပိုင်း၍ စောင့်အပ်သော ဥပုသ်, အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊ ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ ၂ ရက် ၃ ရက် စသည်ဖြစ်စေ, တစ်နေ့ တစ်ညဥ့်လုံး ဖြစ်စေ, နေ့ဝက် ညဥ့်ဝက်ဖြစ်စေ, တစ်ခဏမျှ (တရားနာခိုက်) ဖြစ်စေ စောင့်ကောင်းပါသည်၊ အနာထပိဏ်သူဌေး၏ အလုပ် သမားတစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ်စောင့်ကြောင်း သိရကား ထမင်းကို မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော် ရုက္ခစိုးနတ် ဖြစ်ရသည်၊ ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ, ရက်, အချိန် ပိုင်းခြား၍လည်း စောင့်ကောင်း ပါသည်။  သို့သော် ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ် စသည်၌ ကား "မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ" ဟု ဆိုပြီးလျှင် ဖြီးလိမ်း ပြင်ဆင်ထားသူတို့ကား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ် ကို ဓမ္မကထိကတို့က ချပေးကြ၏၊  "ဥပုသ် မစောင့်ခင်က ဖြီးလိမ်းထားမှုကြောင့် မာလာဂန္ဓဝိလေပန သိက္ခာ ပုဒ်မပျက်"ဟုလည်း ပြောဆိုကြပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျမကျ စဉ်းစားကြပါလေ။  (မဟာဂန္ဓာရုံဆရာတော်၏ ရတနာ့ဂုဏ်ရည်ကျမ်းမှ)  မိုးတိမ်လွင်ပြင်
(ဝါတွင်းကာလမှာ ဥပုသ်အကြောင်းလေး သိထားရအောင်လို့ပါခင်ဗျာ)
"ဥပုသ်"ဟူသော စကားသည် "ဥပေါသထ" ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊ "ဥပ+ဝသထ"ဟု ပုဒ်ခွဲ၊ ဥပ=ညစာ မစားခြင်း, သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍၊ +ဝသထ-နေခြင်း၊ ညစာမစားခြင်း သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရား ဂုဏ်တော်, တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို "ဥပုသ် စောင့်"ဟု ခေါ်သည်။
[ဆောင်] မိမိစိတ်မှာ, စင်ကြယ်လာအောင်, အင်္ဂါရှစ်တန်, သီလခံ၍, ခြိုးခြံအောင့်အည်း, တဖြောင့် တည်းဖြင့်, စောင့်စည်း အား ထုတ်, တရားကုတ်, ဥပုသ်စောင့်ဟုမှတ်။
၁။ နက်ဖြန် ဥပုသ်စောင့်မည် ဟု ကြံစည်သော သူတော် စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စ တွေကို ရွက်ဆောင်ခြင်းငှာ မလျော်သောကြောင့် ယနေ့လို အခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ်ထားရာ၏၊ [ဥပုသ်စောင့်ခိုက် ခါတိုင်း ထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်]။
၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန်ကိစ္စနည်းအောင် ပြီးစီးကောင်းသော စားဖွယ်သောက် ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။
၎။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။
၅။ ပန်းပန်မှု နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။
၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ [သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ဘုရား ပညတ်တော်မူ အပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟု နှုတ်ကမိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏။ ]
၇။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ မျှသာ စီမံ၍ စားသောက်ရာ၏၊ [တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။]
၈။ ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ [ကိုယ်စင်ကြယ်မှ စိတ်ကြည် လင်- စိတ်ကြည်လင်မှ တရားအာရုံ့ပြု၍ ကောင်းသည်။]
၉။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ် ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့် တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မာ ဥပုသ်ကို စောင့်လိုလျှင် ဘုရား ဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။
၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု၍ ရွက်ဖတ်နေရာ၏၊ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို-လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။]
၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရား နာရာ၏။
၁၂။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။
၁၃။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
♣♣ အောက်မေ့ပုံ
ရဟန္တာအရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း, သူ့ဥစ္စာကို ခိုးယူခြင်း, လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဥ့်စာစားမှု, ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား" ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာ ယောကျာ်း ရဟန္တာ မိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။
၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့ သောအခါ အလိုလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်၊ [ယခုကာလ အချို့ အရပ် မှာလို ငါးပါးသီလယူကာ ဥပုသ်ချ နေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။
♣♣ ဥပုသ်ကာလ အပိုင်းအခြား
ဥပုသ်သည် ကာလ ပိုင်း၍ စောင့်အပ်သော ဥပုသ်, အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊ ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ ၂ ရက် ၃ ရက် စသည်ဖြစ်စေ, တစ်နေ့ တစ်ညဥ့်လုံး ဖြစ်စေ, နေ့ဝက် ညဥ့်ဝက်ဖြစ်စေ, တစ်ခဏမျှ (တရားနာခိုက်) ဖြစ်စေ စောင့်ကောင်းပါသည်၊ အနာထပိဏ်သူ ဌေး၏ အလုပ် သမားတစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ် စောင့်ကြောင်း သိရကား ထမင်းကို မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေ သော် ရုက္ခစိုးနတ် ဖြစ်ရသည်၊ ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ, ရက်, အချိန် ပိုင်းခြား၍လည်း စောင့်ကောင်း ပါသည်။
သို့သော် ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ် စသည်၌ ကား "မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ" ဟု ဆိုပြီးလျှင် ဖြီးလိမ်း ပြင်ဆင်ထားသူတို့ကား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ် ကို ဓမ္မကထိကတို့က ချပေးကြ၏၊
"ဥပုသ် မစောင့်ခင်က ဖြီးလိမ်းထားမှုကြောင့် မာလာဂန္ဓဝိလေပန သိက္ခာ ပုဒ်မပျက်"ဟုလည်း ပြောဆိုကြ ပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျမကျ စဉ်းစားကြပါလေ။
(မဟာဂန္ဓာရုံဆရာတော်၏
ရတနာ့ဂုဏ်ရည်ကျမ်းမှ)
မိုးတိမ်လွင်ပြင်
ဓမ္မစေတီ ခေါင်းလောင်းကြီးအား လာမည့် လပိုင်းအတွင်း ပြန်လည်ရှာဖွေ ဆည်ယူ တော့မည်
$
0
0
ဓမ္မစေတီ ခေါင်းလောင်းကြီးအား လာမည့် လပိုင်းအတွင်း ပြန်လည်ရှာဖွေ ဆည်ယူ တော့မည်
ကမ္ဘာပေါ်မှာ အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး အဖြစ် မှတ်တမ်း ၀င်ခဲ့တဲ့ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ်
အတွင်းမှာ နစ်မြုပ်နေ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီး ကိုတော့ လာမယ့် လပိုင်း အတွင်း ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးရဲ့ ကမကထ ပြုမှုနဲ့ ပြန်လည် ရှာဖွေ ဆည်ယူ တော့မှာ ဖြစ်ပါတယ်။
ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးနဲ့ ဆံတော်ရှင်များ သာသနာ့ အကျိုးတော်ဆောင်ချုပ် ဆရာတော် ဘုရားကြီး ၂ ပါးတို့ရဲ့ ကမကထပြု ဆောင်ရွက်မှုနဲ့ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ် အတွင်းမှာ နစ်မြုပ်နေတဲ့ ကြေးသွန်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ပြန်လည် ရှာဖွေဆည်ယူ တော့မှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျိုက်ထီးဆောင်း စေတီတော်ကျောင်း တိုက်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ မိန့်ကြား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ခေါင်းလောင်း တော်ကြီး ကိုတော့ ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်မှာ မွန်ဘုရင် ဓမ္မစေတီမင်းက ရွှေတိဂုံစေတီ ရင်ပြင်တော် ပေါ်သို့ ကပ်လှူ ပူဇော်ခဲ့ကာ သက္ကရာဇ် ၉၄၇ ခုနှစ်မှာ ပေါ်တူဂီ နယ်ချဲ့ ဒီဘရစ်(ခေါ်) ငဇင်ကာရဲ့ သင်္ဘော ၂ စီးနဲ့ လုယူ သယ်ဆောင်မှုကြောင့် ရန်ကုန်နဲ့ သံလျင်မြို့ကြား၊ ပဲခူးမြစ်၊ ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ နစ်မြုပ်ခဲ့ ရတာ ဖြစ်ပါတယ်။
အခုလို နစ်မြုပ်ခဲ့တဲ့ ခေါင်းလောင်းတော်ကြီး ဟာဆိုရင် အမြင့် ၁၂ တောင်၊ အကျယ် ၁၈ တောင်နဲ့ အလေးချိန် ပိဿာပေါင်း ၁ သိန်း ၈ သောင်းခန့် ရှိတာ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်း ၄၀၀ ကျော်ခန့် နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီးကို နိုင်ငံတကာမှ သုတေသန အဖွဲ့များက လာယူ ရှာဖွေ ဆည်ယူမှုများ ရှိခဲ့သလို ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ မှာတော့ အမေရိကန်မှ လွှတ်တင် ထားတဲ့ နာဆာ Land Sat-7 ဂြိုလ်တုမှာ ခေါင်းလောင်းတော်ကြီး နစ်မြုပ်နေတဲ့ ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ တည်ရှိနေတယ်လို့ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆည်ယူရေး လုပ်ငန်းများကို လာမယ့် လပိုင်း အတွင်းမှာ ဆောင်ရွက် တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဆည်ယူရေး လုပ်ငန်းများ လုပ်ကိုင်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ကုန်ကျမှာ ဖြစ်ပြီး သီးခြား အလှူငွေ ကောက်ခံတာမျိုး မရှိဘဲ ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီး ဆီသို့ ကိုယ်တိုင် လာရောက် လှူဒါန်းတဲ့ အလှူငွေ များကိုသာ လက်ခံ သွားမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ပြင်ပစေတနာ အလှူရှင်များ အပြင် ဇေကမ္ဘာ မိသားစုမှ ဆည်ယူရေး လုပ်ငန်းမှာ ပူးပေါင်းပါဝင် လှူဒါန်းမှုများ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆည်ယူရေး လုပ်ငန်းများမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုမိန့်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွား မှာဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ရွှေတိဂုံ စေတီတော် ကုန်းတော် အပေါ် အောင်မြင်စွာ ဆည်ယူနိုင်ရေး အတွက် အထူး မျှော်မှန်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
mm pyi thar
Photo: ဓမ္မစေတီ ခေါင်းလောင်းကြီးအား လာမည့် လပိုင်းအတွင်း ပြန်လည်ရှာဖွေ ဆည်ယူ တော့မည်  ကမ္ဘာပေါ်မှာ အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး အဖြစ် မှတ်တမ်း ၀င်ခဲ့တဲ့ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးဟာ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ်  အတွင်းမှာ နစ်မြုပ်နေ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီး ကိုတော့ လာမယ့် လပိုင်း အတွင်း ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးရဲ့ ကမကထ ပြုမှုနဲ့ ပြန်လည် ရှာဖွေ ဆည်ယူ တော့မှာ ဖြစ်ပါတယ်။  ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီးနဲ့ ဆံတော်ရှင်များ သာသနာ့ အကျိုးတော်ဆောင်ချုပ် ဆရာတော် ဘုရားကြီး ၂ ပါးတို့ရဲ့ ကမကထပြု ဆောင်ရွက်မှုနဲ့ နှစ်ပေါင်း ၄၀၀ ကျော်ခန့် ဒေါပုံမြစ် အတွင်းမှာ နစ်မြုပ်နေတဲ့ ကြေးသွန်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ပြန်လည် ရှာဖွေဆည်ယူ တော့မှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျိုက်ထီးဆောင်း စေတီတော်ကျောင်း တိုက်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲမှာ မိန့်ကြား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ခေါင်းလောင်း တော်ကြီး ကိုတော့ ကောဇာသက္ကရာဇ် ၈၅၂ ခုနှစ်မှာ မွန်ဘုရင် ဓမ္မစေတီမင်းက ရွှေတိဂုံစေတီ ရင်ပြင်တော် ပေါ်သို့ ကပ်လှူ ပူဇော်ခဲ့ကာ သက္ကရာဇ် ၉၄၇ ခုနှစ်မှာ ပေါ်တူဂီ နယ်ချဲ့ ဒီဘရစ်(ခေါ်) ငဇင်ကာရဲ့ သင်္ဘော ၂ စီးနဲ့ လုယူ သယ်ဆောင်မှုကြောင့် ရန်ကုန်နဲ့ သံလျင်မြို့ကြား၊ ပဲခူးမြစ်၊ ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ နစ်မြုပ်ခဲ့ ရတာ ဖြစ်ပါတယ်။  အခုလို နစ်မြုပ်ခဲ့တဲ့ ခေါင်းလောင်းတော်ကြီး ဟာဆိုရင် အမြင့် ၁၂ တောင်၊ အကျယ် ၁၈ တောင်နဲ့ အလေးချိန် ပိဿာပေါင်း ၁ သိန်း ၈ သောင်းခန့် ရှိတာ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်း ၄၀၀ ကျော်ခန့် နစ်မြုပ်နေတဲ့ ခေါင်းလောင်းတော်ကြီးကို နိုင်ငံတကာမှ သုတေသန အဖွဲ့များက လာယူ ရှာဖွေ ဆည်ယူမှုများ ရှိခဲ့သလို ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့ မှာတော့ အမေရိကန်မှ လွှတ်တင် ထားတဲ့ နာဆာ Land Sat-7 ဂြိုလ်တုမှာ ခေါင်းလောင်းတော်ကြီး နစ်မြုပ်နေတဲ့ ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်ချောင်းတို့ ဆုံရာ ဒေါပုံမြစ်ဝမှာ တည်ရှိနေတယ်လို့ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆည်ယူရေး လုပ်ငန်းများကို လာမယ့် လပိုင်း အတွင်းမှာ ဆောင်ရွက် တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။  အခုလို ဆည်ယူရေး လုပ်ငန်းများ လုပ်ကိုင်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ကုန်ကျမှာ ဖြစ်ပြီး သီးခြား အလှူငွေ ကောက်ခံတာမျိုး မရှိဘဲ ကျိုက်ထီးဆောင်း ဆရာတော် ဘုရားကြီး ဆီသို့ ကိုယ်တိုင် လာရောက် လှူဒါန်းတဲ့ အလှူငွေ များကိုသာ လက်ခံ သွားမှာ ဖြစ်ပြီး လက်ရှိ မှာတော့ ပြင်ပစေတနာ အလှူရှင်များ အပြင် ဇေကမ္ဘာ မိသားစုမှ ဆည်ယူရေး လုပ်ငန်းမှာ ပူးပေါင်းပါဝင် လှူဒါန်းမှုများ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆည်ယူရေး လုပ်ငန်းများမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုမိန့်နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပေးသွား မှာဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ရွှေတိဂုံ စေတီတော် ကုန်းတော် အပေါ် အောင်မြင်စွာ ဆည်ယူနိုင်ရေး အတွက် အထူး မျှော်မှန်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။  mm pyi thar
နားလည်မှု ဆိုတာ....
$
0
0
အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့ ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ မကြာခဏ ကြားနေရမှာပါပဲ။သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို အပြည့် အ၀ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့ ကိုယ့်စိတ် ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲဆိုတာရယ် တွေကရှိလာပြန်ပါတယ်။
မိန်းမသားတွေ နဲ့ ယောက်ျားတွေရဲ့  အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားမလည် နိုင်မှုတွေက ကြီးထွားလာပါတယ်။
မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက် မပြောတတ်ပါဘူး။ မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလ”ဲ လို့ မေးရင် “ဘာမှမဖြစ်ဘူး” လို့ပဲ ပြန်ဖြေမှာပါပဲ။သည်းထန်စွာ ငိုကြွေးနေဦးတော့၊ ငိုရှိုက်နေတဲ့ ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့ ပြန်ဖြေမှာပါပဲ။
ယောက်ျားတစ်ယောက်ကျတော့ အဲလို မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။ ဘာပြဿနာရှိလဲ” လို့ ယောက်ျားတစ်ယောက်ကို သူ့ချစ်သူ အမျိုးသမီးက မေးရင် “အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး ပြန်ဖြေမှာပါ။
မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ဘာတွေရှိနေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ပါဘူး။ ဒါပေမယ့် မိန်းမတွေ အားလုံး တူညီတဲ့ လိုအင်ကတော့ သူတို့ ၀မ်းနည်း ငိုကြွေးရင် မှီတွယ်စရာ ပခုံးတစ် ဖက်ကို အလိုရှိတာပါပဲ။
မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့ လုံခြုံမှုရှိတယ်။ ယောက်ျားတစ်ယောက်ကြောင့် လုံခြုံမှုရ တယ်လို့ စိတ်ထဲမှာ ခံစားရတယ်ဆိုရင် အဲဒီ မိန်းမဟာ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ ယောက်ျားတစ်ယောက်ကြောင့် မိန်းမတစ်ယောက်ရဲ့ စိတ်မှာ လုံခြုံမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
ယောက်ျားတစ်ယောက်ကျတော့ သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ့  လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင် အဲဒီယောက်ျားဟာ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘ၀ ကိုဦးဆောင်တဲ့ ယောက်ျားတစ် ယောက်ဖြစ်လာပါတယ်။
ယောက်ျားတွေ အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က လက်ရှိချစ်သူက မိမိကို အားကိုးခြင်း မရှိဘူး။ လက်ရှိချစ်သူ အမျိုးသမီးက သူ့ ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘ၀မှာ ချစ်သူ အမျိုးသား မပါဘဲ အောင်မြင်နိုင်တဲ့ အမျိုးသမီးဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက အချစ်သစ်ရှာ တတ်ပါ တယ်။ အဲဒီ အချစ်သစ်ဟာ သူ့ကို အားကိုးတဲ့ ၊ အစစ အရာရာ အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ် ပါတယ်။ ဒါဟာလည်း ယောက်ျားတစ်ယောက်ရဲ့ စိတ်သဘာဝပါပဲ။ အချစ်စစ် ဆိုတာ ရင်ထဲမှာ ရှိကောင်း ရှိနိုင်ပါတယ်။ဒါပေမယ့် ယောက်ျား တစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့  ဘ၀မှာ သူ့ကို မလိုအပ်ဘဲ အောင်မြင်နိုင်တယ်လို့ ယူဆသွားရင် အဲဒီယောကျာ်းဟာ တခြားတစ်ယောက်ကို ပြောင်းချစ်မှာ အသေ  အချာပါပဲ။
မိန်းမတစ်ယောက် အနေနဲ့ကျတော့လည်း သူမကို မြတ်နိုးစုံမက်တဲ့ ၊ သူ့စိတ်မှာ အားကိုးရာလို့ ထင်မြင်နိုင် မယ့် ယောက်ျားတစ်ယောက်ကို သာအလိုရှိပါတယ်။ ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ စိတ်ပိုင်း ဆိုင်ရာ လုံခြုံနွေးထွေးမှု ပေးနိုင်မယ့် ယောက်ျားတစ်ယောက်ကို ဘ၀မှာလက်တွဲလိုပါတယ်။
မိန်းမတစ်ယောက်ကို စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့ အဲဒီ မိန်းမကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တယ်လို့ မဆိုနိုင်ပါဘူး။ မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိဖို့ ဆိုတာက သူမ တစ်ယောက် တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ သူမစိတ်မှာ သိထားရင် လုံလောက် ပါပြီ။
ချစ်သူ အမျိုးသားရဲ့  ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက် ဘ၀မှာ ခွန်အားပါပဲ။ဒါပေမယ့် အမျိုးသားတွေကကျတော့ ချစ်သူ အမျိုးသမီးကို ချစ်တယ် ဆိုတာ ဘ၀မှာ တစ်ခါ ပြောပြီးရုံနဲ့ လုံလောက်ပြီ ထင်တတ်ကြပါတယ်။မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသားရဲ့ သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်း ဟာ နေ့စဉ်လိုအပ်ပါတယ်။ သူမရဲ့ ကြောက်ရွံ့  မှုတွေ၊ သူမရဲ့ ဝမ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုး သားကို ပြောပြဝေမျှ ပါတယ်။ သူမငိုချင်ရင် အချိန်မရွေး သူမ ငိုနိုင်ပါတယ်။
ယောက်ျားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် ၀မ်းနည်းအားငယ်မှု ၊ ကြောက်ရွံ့  မှု ၊ ထိတ်လန့်မှုတွေကိုလည်း အမျိုးသားများ အနည်းနဲ့ အများ ဆိုသလို ခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို ဝေမျှ ပြောပြလေ့မရှိပါဘူး။ ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး။ ယောက်ျားတွေ ဟာ ဘယ်တော့မှ မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ ခံစားချက်တွေကို ဝေမျှဖို့ အလွန် ကပ်စေးနှဲသူ များ ဖြစ်တတ်ကြပါတယ်။ တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင် ပြေလည်သွားမယ့် ဆက်ဆံရေး တစ်ခုမှာ ယောက်ျားတွေရဲ့  အဲလို တလွဲမာနကြောင့် အက်ရာ ထင်ခဲ့ရတဲ့ ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ ဆက်ဆံရေးတွေ အနည်းနဲ့ အများရှိပါတယ်။
ပညာတတ် ၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မအောင်မြင်တတ်ဘူး။ ချစ်သူ ယောက်ျားရဲ့  စွန့်ပစ်ခြင်းကို ခံရတယ်ဆိုတဲ့ ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက မှန်သင့်သလောက်တော့မှန်ပါတယ်။ တကယ်ပဲ အဲလိုဖြစ်နေတာတွေ ရာခိုင်နှုန်းမများလှပေမယ့် ရှိနေတာ ပါပဲ။ တကယ်တန်း မချစ်လို့ မဟုတ်ဘဲယောကျာ်းတစ်ယောက် ရဲ့ တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ့  မပွင့်လင်းမှုတွေကြောင့်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။
မိန်းမတစ်ယောက်အနေနဲ့ သူမရဲ့  စိတ်ကို လုံခြုံနွေးထွေးမယ့် ၊ သူမတစ်ယောက်ကို သာလျှင် မြတ်နိုးမယ့် ယောက်ျားတစ်ဦးကိုသာ အလိုရှိပါတယ်။ယောက်ျားတစ်ယောက်ကတော့ သူ့ကို လိုအပ်မယ့် မိန်းမ တစ်ယောက်ကို သာအလိုရှိပါတယ်။
ရေရှည်ခိုင်မြဲတဲ့ အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီဆို ရင် သူမ ကိုချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့ လိုအပ်ပါတယ်။ ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊ ၀တ်တဲ့အ၀တ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်းစကားလေးတွေ ပြောဖို့ လိုအပ်လှသလို မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘ၀အတွက် အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊ သူမဘ၀အတွက် ချစ်သူအမျိုးသား အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုး တယ်ဆိုတာ အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘ၀ တစ်ခု အစဉ်အမြဲ ဖြစ်နေမှာပါပဲ။
သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါသည်...
kokyawzinhein
Celebrities caught without make up- Who has true beauty ?
$
0
0
1 #1
 Who are these three ugly women? They’re actually celebrities caught without their make-up on. Some of these ladies are downright ugly without their make-up…one or two, however, actually possess true beauty, in my humble opinion. I have to commit that Women should thank to make up alot, but also feel sorry for guys who pick up the fake beauty...lol, for example like Pamela Anderson
Inside you’ll find these three and four other celebrity babes caught without make-up on…tell us who, if any, actually possess true beauty even without make-up…I found 3 ladies of the whole set of 14 photos
  #2
  #3
  #4
  #5
  #6
  #7
Madonna Blinded Everyone With Her Blinged Out Smile
ဆံပင်ကိုစတိုင်အမျိုးမျိုးလုပ်ပုံလုပ်နည်း
Trendy Color: charming with purple pastel
$
0
0
If you are seeking a romantic and feminine look, here I would suggest some purple pastel's outfits. The light and sweet color will cool you down under the heat of the sun or it even makes you look more attractive at a cocktail party
How to wear purple pastel dresses like hollywood celebs
fashion with purple pastels 01 #1
fashion with purple pastels 02 #2
And more...
fashion with purple pastels 03 #3
fashion with purple pastels 04 #4
fashion with purple pastels 05 #5
fashion with purple pastels 06 #6
fashion with purple pastels 07 #7
fashion with purple pastels 08 #8
fashion with purple pastels 09 #9
fashion with purple pastels 010 #10
fashion with purple pastels 011 #11
fashion with purple pastels 012 #12
fashion with purple pastels 013
အလှဆုံးဖက်၇ှင်လေးတွေ
$
0
0
"You can feel like, 'I look really bad', but to other people you can be really gorgeous." -Ashley Tisdale
We know and love her as spoiled, designer-clad Sharpay Evans from High School Musical and its sequel, but in real life Ashley Tisdale's style is much more accessible and laid back. Check out Ashley favorite styles and some inspirations
Mini dresses
Ashley Tisdale fashion style 01 #1
Ashley Tisdale fashion style 02 #2
Ashley Tisdale fashion style 04 #3
Ashley Tisdale fashion style 05 #4
Ashley Tisdale fashion style 06 #5
Ashley Tisdale fashion style 07 #6
Ashley Tisdale fashion style 08 #7
Ashley Tisdale fashion style 09 #8
Ashley Tisdale fashion style 010 #9
Ashley Tisdale fashion style 011 #10
Sporty with Denim Shorts
Ashley Tisdale fashion style 012 #11
Ashley Tisdale fashion style 013 #12
Ashley Tisdale fashion style 014 #13
Ashley Tisdale fashion style 015 #14
Ashley Tisdale fashion style 016 #15
Ashley Tisdale fashion style 017 #16
Ashley Tisdale fashion style 018 #17
Ashley Tisdale fashion style 019 #18
Ashley Tisdale fashion style 020 #19
Ashley Tisdale fashion style 021 #20
Ashley Tisdale fashion style 022 #21
Ashley Tisdale fashion style 023 #22
Ashley Tisdale fashion style 024 #23
Skinny Jeans
Ashley Tisdale fashion style 025 #24
Ashley Tisdale fashion style 026 #25
Ashley Tisdale fashion style 027 #26
Ashley Tisdale fashion style 028 #27
Ashley Tisdale fashion style 029 #28
Ashley Tisdale fashion style 03 #29
Ashley Tisdale fashion style 030 #30
Ashley Tisdale fashion style 031 #31
Ashley Tisdale fashion style 032 #32
Ashley Tisdale fashion style 033 #33
Ashley Tisdale fashion style 034 http://blog.asiantown.net/-/13600/celebrity-style-of-the-day-ashley-tisdale
PHOTO: Woman gives birth outside medical clinic
$
0
0
dgg
Tuesday, October 08, 2013 5:20 AM
A disturbing photo of a mom and her newborn with the umbilical cord still attached made the front page of a Mexican publication this week, raising questions about why the woman delivered her baby right outside a medical clinic.
The woman and the infant were brought inside the Oaxaca facility last week after the delivery and given proper treatment, GlobalPost.com reported. But health officials in Mexico are investigating why the woman was not in the clinic at the time she gave birth. The woman waited over two hours for treatment, according to the La Razón de México newspaper, which ran the photo.
The pregnant woman, identified by La Razon as Irma López Aurelio, 28, woke up in her home just before dawn Oct. 2, disturbed by her increasingly strong contractions. She woke her husband and together they walked through the darkness to the closest health center in the nearby town of San Felipe Jalapa de Díaz.
By the time the couple arrived, La Razon reported, Lopez was fully dilated and her water had broken. Staffers examined her, but didn’t admit her to the clinic, the newspaper said.
The health center — working with a limited number of staff due to a partial work stoppage — said they were too shorthanded at the moment to help the pregnant woman, La Razon said.
Lopez and her husband, who hail from the Sierra Mazateca region where Spanish is not widely spoken, only understood the word “no,” La Razon reported. They retreated outside, where Lopez, then in full labor pains, continued to pace back and forth.
Her anxious husband stayed by her side as they hoped that at some point a nurse or doctor would call them into the center for treatment. Two hours later, just before 8 a.m., La Razon said, Lopez dropped to one knee on a patch of grass outside the clinic and started pushing.
Already a mother of two, she recognized that the time had come, the paper said. Her screams brought people in a nearby residence running to their windows as she pushed her newborn son onto the grass beneath her.
A bystander who’d heard the commotion ran out and took a picture of her in the seconds after she gave birth. Her tiny baby was still attached to her through the umbilical cord. Staffers from the health center then ran out to help the woman, and she and her healthy newborn were soon inside getting the care and treatment they needed, La Razon said.
An official for Oaxaca later told reporters the language barrier contributed to the confusion. Staffers had told Lopez and her husband to wait outside while the staff prepared for delivery, Oaxaca Health Secretary German Tenorio said.
“When they went out to look for her they didn't find her,” Tenorio told a local TV station. The small clinic does not have an emergency room, according to GlobalPost.com. Tenorio said that the woman “has problems understanding Spanish,” but also said that does not justify the mix-up.
assets.nydailynews.com/polopoly fs/1.1478449.1381160651!/img/httpImage/image.jpg gen/derivatives/landscape 635/birth8n 1 web.jpg
The cover of La Razon de Mexico features Irma López Aurelio on the cover, with her newborn and the umbilical cord still attached.
အထီးလေးက အမကနေ ပြောင်းလာသူ၊ အမလေးက အထီးကနေ ပြောင်းလာသူ
$
0
0
ပုံထဲက အတွဲက သာမန်ကြည့်ရင်တော့ သာမန်အတွဲပါပဲ။ ဒါပေမယ့် သူတို့ဟာ သာမန်အတွဲမဟုတ်ပါဘူး၊ အထီးလေးက အမကနေ ပြောင်းလာသူ၊ အမလေးက အထီးကနေ ပြောင်းလာသူပေါ့။ လိင်ခွဲစိတ်ထားသူ နှစ်ဦး တနေ့ တော့ တွေ့မိရာကနေ ချစ်ကြိုက်ပြီး ချစ်သူတွေ ဖြစ်သွား တာပေါ့။
ယောင်္ကျားလေးအဖြစ် ခွဲစိတ်ထားသူကတော့ Andrew တဲ့။ သူမိန်းကလေး နာမည်က Emerald.
မိန်းကလေးအဖြစ် ခွဲစိတ်ထားသူကတော့ Katie Hills တဲ့။ သူ့ ယောင်္ကျားလေး ဘ၀ တုန်းက နာမည်ကတော့ Luke လို့ ခေါ်ပါသတဲ့။
အပြည့်အစုံဖတ်ချင်ရင်တော့ -- ( http://www.dailymail.co.uk/news/article-2374296/Transgender-teen-lovebirds-pose-swimsuit-shoot-having-gender-reassignment-surgery.html ) ဒီမှာ သွားဖတ်လိုက်ပါ။
ရေးကူးဝတ်စုံ ၀တ်ရမှာရှက်တဲ့ Myanmar Miss Universe မိုးစက်ဝိုင်
$
0
0
ရေးကူးဝတ်စုံ ၀တ်ရမှာရှက်တဲ့ Myanmar Miss Universe မိုးစက်ဝိုင်
၁၉၆၁ ခုနှစ်မှစတင်ပြီး ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ရာမှ နှစ်ပေါင်း ၅၂ အကြာ ၂၀၁၃ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့် အလှမယ်ကို အောက်တိုဘာလ ၃ ရက်နေ့ညပိုင်း ရန်ကုန်မြို့ အမျိုးသားကဇတ်ရုံမှာ ရွေးချယ်ခဲ့ပြီး Miss Myanmar Universe 2013 အဖြစ် အသက် ၂၅ နှစ်အရွယ် မိုးစက်ဝိုင်က အရွေးချယ်ခံလိုက်ရသည်။ ကမ္ဘာ့ မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် မိုးစက်ဝိုင်ကို ဧရာဝတီသတင်းထောက်မြတ်သူအောင်က တွေ့ဆုံမေးမြန်းထားသည်။
မေး။     ။ Myanmar Miss Universe အဖြစ် အရွေးချယ်ခံရတဲ့အတွက် ဘယ်လိုခံစားနေရလဲ။
ဖြေ။     ။ ဘယ်လိုခံစားရလဲဆိုတော့ အသက်၂၅နှစ် ကျမှ ဖြစ်လာတဲ့အတွက် ဒီအခွင့်အရေးက မိုးစက် အတွက် အချိန်ကောင်းမှာကြုံတယ် လို့ပဲထင်ပါတယ်၊ ငယ်ငယ်တုန်းကသာ ဆိုရင် ဒီလို Experience လည်းရှိမှာ မဟုတ်ဘူး၊ ကိုယ့်ရဲ့အရည်အချင်း ကလည်း အဲ့လောက်ပြည့်ဝမှာ မဟုတ်သေးဘူးလေ။ ကျောင်းမပြီးသေးလို့ကျောင်းနဲ့ တဘက်ဆိုရင် ကျောင်းဘက် ပဲရွေးချယ်မိမှာလေ၊ ဒါကြောင့် အချိန်ကောင်းနဲ့ကြုံရတာပါ။
မေး။     ။ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ Miss Universe တဦး အဖြစ် လူတွေရဲ့စိတ်ဝင်စားမှုခံနေရတဲ့ သူတယောက် ဖြစ်သွားပြီ ဆိုတော့ စောင့်စည်း ထိန်းသိမ်းရမှာတွေများသွားပြီ။ မိုးစက်ရဲ့ အနာဂတ်မှာ ဘယ်လိုနေထိုင်သွားမလဲ။
ဖြေ။     ။ တွေးထားပါတယ်၊ ဒီပွဲက တခြားပွဲတွေလို ဆုရရင်ပြီးသွားတာမဟုတ်ပါဘူး၊ တောင်တက်ဖို့အတွက် တောင်တက် ခွင့်ရသွားတဲ့ သဘောပါ၊ ကိုယ်ကတခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်ရတော့မယ်ဆိုတော့ ကိုယ့်ရဲ့ အဟြေအဆို၊ အပြုအမူတွေက မြန်မာနိုင်ငံ ရဲ့ကိုယ်စားပြုဖြစ်တဲ့အတွက် ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့အတွက် စဉ်းစားရတော့မယ်၊ ကိုယ်လုပ်ချင်တာ လုပ်လို့တော့ မရတော့ဘူးပေါ့။
မေး။     ။ ကိုယ့်အလှကို ကိုယ်ယုံကြည်ပြီးတော့ Miss Universe ၀င်ပြိုင်ခဲ့တာလား။
ဖြေ။     ။ မိုးစက်အမြင်မှာ ဒီ Miss Universe Myanmar က အလှတခုတည်းနဲ့ မပြည့်စုံပါဘူး၊ အဓိက ကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု နိုင်မယ့်သူကိုရှာတာပါ၊ ညီမကတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြု နိုင်မယ် လို့တော့ ထင်ပါတယ်၊၊
မေး။     ။ ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲမှာ ဆုရဖို့ မျှော်မှန်းထားလား။
ဖြေ။     ။ မိုးစက်က ဟိုမှာဆုရဖို့ထက် မြန်မာနိုင်ငံကို လူတွေပိုသိစေချင်ပါတယ်၊ ဟိုနိုင်ငံတွေကလာပြိုင်တဲ့ Miss တွေကို လည်း မြန်မာ့ ယဉ်ကျေးမှုလေး တော့ပြချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မာလို့သိသွားဖို့က မိုးစက်ရဲ့ရည်ရွယ်ချက်ပါပဲ။
မေး။     ။ မယ်စကြ၀ဠာပြိုင်ပွဲဝင်ဖို့ ဘယ်လိုတွေ ပြင်ဆင်သွားမလဲ။
ဖြေ။     ။ မိုးစက်အဲ့လိုမျိုး အဓိကလေ့လာထားတာမရှိပါဘူး၊ ဟြေပြချင်တာက မြန်မာနိုင်ငံအကြောင်းဟြေပြချင်တယ်၊ ယဉ်ကျေးမှု ကတော့ မိုးစက်က မြန်မာနိုင်ငံမှာ ကြီးလာတဲ့အတွက်မြန်မာ့ယဉ်ကျေးမှုကတော့ ကိုယ့်ရဲ့အတွင်းပိုင်းမှာ ရှိပြီး သားပါ၊ ဒါကဖယ်ထုတ်လို့လည်းမရတဲ့ အရာပါ၊ ဖုံးလို့လည်းမရတဲ့ အရာပါ၊ အဲ့ဒါကိုတော့ တကူးတက လေကျင့်စရာမလိုဘူးလို့ထင်ပါတယ်။
မေး။     ။ ညီမလေးရဲ့ပညာရေး အကြောင်းပြောပြပါဦး။
ဖြေ။     ။ မိုးစက်က အမေရိကန်နိုင်ငံ လော့စ် အိန်ဂျလစ်မှာရှိတဲ့ ကယ်လဖိုးနီးယားလူဗန်တက္ကသိုလ်ကနေ Business Marketing နဲ့ဘွဲ့ရခဲ့တာပါ၊ ဒါပေမယ့် ရန်ကုန်မှာတော့ အဝေးသင် English Major တက်ခဲ့ပါတယ်။ ပြည်ပမှာ ကျောင်းတက်တာက ပြည်ပ အတွေ့အကြုံလိုချင်လို့ပါ၊ အဓိကကတော့ မြန်မာနိုင်ငံမှာ တက်တယ် ဆိုရင် မြန်မာစနစ် ပဲကြုံရမှာလေ၊ ကိုယ်ကပိုပြီးတိုးတက်ချင်တယ်၊ အတွေ့အကြုံလည်းပိုရချင်တယ်၊ ကိုယ့်ကိုယ် ကိုယ် အားကိုးချင် တဲ့စိတ် လည်း ရှိချင်တာကြောင့်လည်းပါပါတယ်၊၊
မေး။     ။ နိုင်ငံခြားမှာနေတော့ အဲ့ဒီမှာလိုလွတ်လွတ်လပ်လပ်နေချင်တဲ့စရိုက်တွေ ကူးစက်လာတာမျိုးရှိလား။
ဖြေ။     ။ မိုးစက်က ကိုယ်ကောင်းတယ်လို့ထင်တဲ့ဟာကိုပဲ ကိုယ်လက်ခံပါတယ်၊ ဥပမာ လူဆိုတာ အရှက်အကြောက် အရမ်းကြီးနေရင် ဘာပဲဖြစ်ဖြစ် မအောင်မြင်ဘူးပေါ့နော်၊ ဒါမျိုးတွေတော့ ဟိုရောက်တဲ့အခါမှာ ကိုယ်က ဟြေင်းရမှာပေါ့၊ သူများဟြေရင် ကိုယ် ဟြေရဲရမယ်၊ ဒါမျိုးလေးတွေကတော့ ဟြေင်းသင့်လို့ဟြေင်းတာပါ၊ ဟြေင်းနိုင်အောင်လည်း ကြိုးစား ထားပါတယ်၊၊
မေး။     ။ အနုပညာအလုပ်ကို ၀ါသနာပါလား။
ဖြေ။     ။ ၀ါသနာပါလားဆိုတော့ မင်းသမီးလုပ်ချင်တာတော့ မဟုတ်ပါဘူး၊ ဒီဟာကျတော့ ဘ၀မှာတခါကြုံတဲ့ အခွင့် အရေး၊ ပြီးတော့ ကိုယ့်နိုင်ငံ ကိုယ်စားပြု၊ ကိုယ့်လူမျိုး ကိုယ်စားပြုလို့ရမယ်၊ နိုင့်ငံ့ဝန်တခုကို ထမ်းဆောင်တဲ့ အခွင့်အရေး တခု အနေနဲ့ ကြုံတဲ့အတွက် လုပ်ဖြစ်သွားတာပါ။
မေး။     ။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့   ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား။
ဖြေ။     ။ မိုးစက်က နိုင်ငံတကာနဲ့ Compare လုပ်တယ်လို့မမြင်ပါဘူး၊ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့အတွက် မြန်မာ့ ယဉ်ကျေးမှု ကိုပဲ သိစေချင်ပါတယ်၊ ကမ္ဘာကကြည့်နေတဲ့အတွက် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး၊ မြန်မာ့ ထုံးတမ်း ဓလေ့တွေ ကိုပဲ မြင်စေချင်ပါတယ်။
မေး။     ။ ဘယ်နိုင်ငံက Miss Universe တွေကိုသဘောကျလဲ။
ဖြေ။     ။ မိုးစက် အမြဲသဘောကျတာကတော့ ဗင်နီဇွဲလားက Miss တွေကို သဘောကျပါတယ်၊ သူတို့ကအရမ်း ချော တယ်၊ သူတို့ရဲ့ Body ကလည်း သေသေချာချာအချိုးကျကျကိုလှပတယ်၊ သူတို့ Work က တကယ့် Professional  ပဲ။
မေး။     ။  မယ်စကြ၀ဠာပြိုင်ပွဲ သွားပြိုင်ပြီး ပြန်လာရင်ရော ဘာတွေလုပ်မယ် စဉ်းစားထားလဲ။
ဖြေ။     ။ အဓိကကတော့ ညီမလူမှုရေးလုပ်ငန်းတွေပဲ လုပ်ချင်ပါတယ်၊ Miss ရထားတဲ့အချိန်မှာ လူမှုရေး လုပ်ရင် ပိုလွယ်တယ် လို့ထင်ပါတယ်၊ လူတွေကိုပိုစည်းရုံးနိုင်မယ်၊ ကိုယ်ဟြေတာကိုလက်ခံလာမယ်လို့ထင်ပါတယ်၊ မင်းသမီး လုပ်ချင်ရင် ရုပ်ရှိရင်လုပ်လို့ရပါတယ်၊၊
မေး။    ။ ရုရှား မယ်စကြ၀ဠာပြိုင်ပွဲမှာ ဘယ်လို Talent တွေလုပ်မယ်လို့စဉ်းစားထားလဲ။
ဖြေ။     ။ မိုးစက်ကြည့်ဖူးတဲ့ Miss Universe ကတော့ Talent မပါဘူး၊ တကယ်လို့ Talent ပါရင်တော့ ညီမ မြန်မာ အကနဲ့ ဖျော်ဖြေ တင်ဆက်ကပြမှာပါ။ ကျွမ်းကျွမ်းကျင်ကျင်တော့ မကတတ်ပါဘူး၊ ဒါပေမယ့် ငယ်ငယ်တုန်းက သင်္ကြန်ယိမ်းအက ကိုတော့ အထက်တန်းကျောင်းမှာတုန်းကပါဝင် ကပြဖူးပါတယ်။
မေး။     ။ မိုးစက်မှာ ဘယ်လို အားနည်းချက်တွေရှိလဲ။
ဖြေ။     ။ အားနည်းချက်က မိုးစက်ရှက်တတ်ပါတယ်၊ နောက်တခုက မိုးစက်ရဲ့ Walking Skill သိပ်မကောင်းသေးပါဘူး၊၊
မေး။     ။ ရှက်တတ်တယ်ဆိုတော့ ရေကူးဝတ်စုံ ၀တ်တော့ ဘယ်လိုခံစားရလဲ။
ဖြေ။     ။ အဲ့ဒါကတော့စိတ်ထဲမှာ Mood တခုသွင်းရပါတယ်၊ ရေကူးဝတ်စုံဝတ်တာ အစကတော့ ရှက်တယ်၊ နောက်ပြန် စဉ်းစားကြည့်တော့ ဒါအားကစား တခု၊ ရေကူးတယ်လို့ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပါတယ်၊ လူတိုင်းရေကူးရင် ရေကူး ၀တ်စုံပဲဝတ်တယ်၊ ဒါကြောင့် အဲ့လိုရေကူးတယ်လို့ စိတ်သွင်းလိုက်တဲ့ အတွက်မိုးစက်အဆင်ပြေသွားပါတယ်ရှင့်။
မေး။     ။ ဘာကိုဝါသနာပါတာလဲ။
ဖြေ။     ။ မိုးစက်သီချင်းဆိုတာ ၀ါသနာပါပါတယ်။
 မေး။     ။ မြန်မာနိုင်ငံက မီဒီယာတွေအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ။     ။ အခုမီဒီယာတွေဝိုင်းနေတယ်ဆိုတော့ အကောင်းဖြေရမယ် ထင်တယ်နော်(ရယ်လျှက်)၊ အကောင်း မဖြေရင်အကုန်လုံးဝိုင်းပြီးတော့ ပြဿနာရှာမှာလေ၊ မီဒီယာတွေက အကုန်လုံးအရမ်းကောင်းပါတယ်။
မေး။    ။ ပရိသတ်ကို ဘာပြောချင်လဲ။
ဖြေ။     ။ ညီမပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်၊ Vote ပေးတာလည်းကျေးဇူးတင်ပါတယ်၊ နိုင်ငံ ကိုယ်စားပြု ဖြစ် အောင် ကြိုးစားပါ့မယ်လို့ကတိပေးပါတယ်
The Irrawaddy (Burmese Version)
ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်
$
0
0
ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။
သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။
စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။
ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။
ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။
အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။
ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
အောင်ခမ်း ( ရိုးရာလေး )
အိမ်ထောင်ပြုတော့မည်ဆိုလျှင်..."..ပါသုံးပါ."....."..ချာသုံးချာ ကွာသုံးကွာ
$
0
0
......
ကိုရှောင်ကြဉ်ရမည်ဟု..... ရှေးဆရာတော်ကြီးများက နောင်လာနောက်သား တပည့် ဒကာဒကာမများအတွက် ဆိုဆုံးမထားခဲ့ပါသည်.။..
ပါသုံးပါဆိုသည်မှာ.......
(၁) အပိုစားမည့်သူ ပါလာတာ.....
(၂) အကြွေးတွေပါလာတာ....
(၃) ရောဂါပါလာတာ......။ ထိုပါသုံးပါကို ရှောင်ကြဉ်ရပါမည်..။
ချာသုံးချာ...ဆိုသည်မှာ ....
(၁) ပညာနုံချာသူ....
(၂) အလုပ်အကိုင်နုံချာသူ....
(၃) စာရိတ္တနုံချာသူ .....။ ထို ချာသုံးချာကို ရှောင်ကြဉ်ရပါမည်..။
ကွာသုံးကွာ...ဆိုသည်မှာ...
(၁) နိုင်ငံရပ်ခြားကွာသူ....
(၂) စိတ်သဘောထားကွာသူ...
(၃) ဘာသာကွာသူ.....။ ထိုကွာသုံးကွာကို ရှောင်ကြဉ်ရပါမည်..။
SweSwe Winn
အိန္ဒိယတွင် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ
$
0
0
 အန္ဒိယနိုင်ငံတွင် ကလေးငယ်တစ်ဦးကို လူမဆန်စွာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရသည်။ယင်းကလေးငယ်သည် စက်တင်ဘာလ (၃၀)ရက်နေ့က ဖခင်ဖြစ်သူနှင့် ပြဿနာရှိသူ နှစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရပြီး ဓာတ်ဆီလောင်း မီးရှို့မှုနှင့် ကြုံခဲ့ရှာခြင်း ဖြစ်သည်။ ကလေး၏ ဖခင်မှာ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး စွန်ကြိုးဝယ်ယူသူ နှစ်ဦးနှင့် အတန်ငယ် အခြေအတင် စကားများခဲ့သည်။ ပန်ဂျပ်ပြည်နယ်၊ ဆန်ဂရူရှိ မာလာကိုတလာမြို့တွင် နေထိုင်သော ကလေးငယ်သည် အညှိုးကြီးလှသည့် အဆိုပါ ဈေးဝယ်သူ နှစ်ဦး၏ ပစ်မှတ်ထား ဖမ်းဆီးမှုနှင့် ကြုံရပြီးနောက် ရက်ရက်စက်စက် ပြုမူခံရခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။
 ဗစ်ဟူဂျိန်းသည် ညီငယ်၏ ကျောင်းသို့ စက်ဘီးစီးကာ ထမင်းဘူးပို့ရန် ထွက်ခွာသွားခဲ့သည်။ ထို့နောက် မကြာမီတွင်လမ်းကြားတစ်ခုထဲမှ ထိတ်လန့်တကြား အော်ဟစ်ရင်း ပြေးထွက်လာသည့် ဂျိမ်းကို လမ်းသွားလမ်းလာများက တွေ့မြင်ခဲ့သည်။ ထိုအချိန်တွင် သနားစရာ ကလေးငယ်မှာ တစ်ကိုယ်လုံး မီးစွဲလောင်လျှက် ရှိနေသည်။ အနီးအနားရှိ လူများက ဂျိမ်း၏ ကိုယ်ပေါ်ရှိ
 ဓာတ်ဆီများပေါ် စွဲလောင်နေသည့် မီးလျံများကို ကြိုးစားပမ်းစား ငြိမ်းသတ်ပေးပြီးနောက် ကလေးကို ဆေးရုံတင်ပို့ခဲ့ကြသည်။သို့သော်လည်း ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်နေသည့် ဂျိမ်းခမျာ ပြင်းထန်သော ဝေဒနာများကို ခံစားရင်း ကွယ်လွန်ခဲ့ရှာသည်။
 ထိုအငြင်းပွားမှု ဖြစ်စဉ်များက ဆိုင်အကူဝန်ထမ်း ရှိနေသော်လည်း အခင်းဖြစ်ချိန်တွင် ၄င်းလည်း ပျောက်ဆုံးနေပြီးရဲများက လိုက်လံရှာဖွေနေကြောင်း Hindusan Times  သတင်းစာက ဖော်ပြခဲ့သည်။ သတင်းအချို့ကလည်း ကလေးကို ပြန်ပေးဆွဲ ငွေညှစ်ရန် အားထုတ်မှုတစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားနေသည်။ ရဲတပ်ဖွဲ့ အနေဖြင့်
 ကလေးငယ်သည် စက်ဘီးပေါ်မှ အတင်းဖမ်းချုပ် ခေါ်ယူသွားပြီး အဆောက်အအုံသစ် တည်ဆောက်နေသည့် နေရာတစ်ခုတွင် မီးတင်ရှို့ခံခဲ့ရခြင်းဟု ဖော်ထုတ်တွေ့ရှိထားသည်။ လက်ရှိတွင်မူ မည်သည့် ဖမ်းဆီးမှုမျှ မရှိသေးသလို စွန်ကြိုးဝယ်သူ နှစ်ဦးကို လူသတ်သမားအဖြစ်လည်း ရဲများက အတည်ပြုခြင်း မရှိချေ။
 ယင်းသေဆုံးမှုသတင်းကို ကြားသိပြီးနောက် ယင်းမြို့တွင် နေထိုင်သူများက ဒေါသတကြီး ဆူပူမှုအချို့ ပြုလုပ်ခဲ့ပြီး ဘက်စ်ကားများကို ဖျက်ဆီးခဲ့သလို အဝေးပြေး လမ်းမကိုလည်း ပိတ်ခဲ့ကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့များက မိမိတို့သည် ဆင်းကို မီးရှို့ခဲ့သူများအား ဖော်ထုတ်နိုင်ရန် စုံစမ်းနေဆဲဟု ဆိုသည်။ မာလာကိုတလာ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက “ ဖြစ်စဉ်ကို ကျွန်တော်တို့ လေးလေးနက်နက် စုံစမ်းနေဆဲပါ။ တရားခံတွေကို တိတိကျကျ  ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောဆိုသွားသည်။
Planet Myanmar Network
အောင်မြင်သော Entrepreneur တို့ ပိုင်ဆိုင်သည့် အရာ ၄ ခု
$
0
0
အောင်ခမ်း (TSJ Team)
အောင်မြင်သော စွန့်ဦးတီထွင်သူ (Entrepreneur) တို့ ယေဘုယျအားဖြင့် ပိုင်ဆိုင်ကြတဲ့ အရည် အချင်း လေးခုကို BusinessNewsDaily က ဖော်ပြထားပါတယ်။ ယင်း ဖော်ပြချက် များ မြန်မာပြည်မှာ Small Business လုပ်ဖို့ ကြိုးစားနေသူများအတွက်လည်း သင့်လျော် အသုံးဝင်တာမို့ ဆီလျော်သလို ဘာသာပြန် ရေသား မျှဝေ လိုက်ရ ပါတယ်။
Professional Experience
ပရော်ဖက်ရှင်နယ် ကျကျ တတ်မြောက်တဲ့ အရည်အချင်း ရှိဖို့လိုပါတယ်။ မိတ်ဆွေထဲမှာ ရှိပါတယ်။ သူ လုပ်နေတာက အိုင်တီ ပရိုဂမ်မာ ၊ နောက်ပိုင်းကျတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ချင်လွန်းလို့ ပါ ဆိုပြီး နယ်စပ်ဘက်မှာ ကုန်သွင်းတဲ့ အလုပ် သွားလုပ်ပါတယ်။ သတင်းပြန်ကြားရတော့ အခုထိ ကြိုးစားရုန်းကန်နေရဆဲ ပါပဲ။ အကြောင်းကတော့ ပရော်ဖက်ရှင်ကျကျ တတ်မြောက်တဲ့ အလုပ်ပေါ်မှာပဲ အခြေခံလို့ Business တစ်ခုကို တည်ထောင်တာ မဟုတ်လို့ပါ။ သူကိုယ်တိုင် တတ်ထားတာက ပရိုဂရန်မာ ပညာရပ်မို့ အိုင်တီနဲ့ ဆက်စပ်တဲ့ အနီးစပ်ဆုံး အဖြစ်နိုင်ဆုံး လုပ်တစ်ခုကိုပဲ သူ Choice လုပ်လို့ စတင် သင့်တာပါ။ သို့တည်းမဟုတ် အဲ့ဒီ အိုင်တီ မလုပ်ချင်တောင် သူသွားချင်တဲ့ Platform တစ်ခုမှာ ပရော်ဖက်ရှင်နယ် သမား ဖြစ်အောင် အချိန်ပေးလုပ်ကို လုပ်ရအုံးမှာပါ။ ဒီတော့ Professional Experience ရှိထားကြရင် အောင်မြင် ပါတယ်။
A Business Plan
Business Plan ဆိုတာ စီးပွားရေး စလုပ်မှ ရေးရမယ်လို့ ဘယ်ဥပဒေ မှ ပြဌာန်း မထားပါဘူး။ တကယ်သာ အောင်မြင်ချင်တဲ့ သူတစ်ယောက်က အမြဲ တမ်း Plan အသစ်တွေ တစ်ခုပြီး တစ်ခု ရေးဆွဲပြီး ဦးနှောက် ကို သွေးပေးတယ်။ အိုင်ဒီယာ ထုတ်တယ်။ Plan ရှိထားတဲ့ ကုမ္မဏီက Plan မရှိတဲ့ ကုမ္မဏီထပ် အောင်မြင်မှုကို နှစ်ဆ တိတိ မြင်ရဖို ပိုနီးစပ်တယ်လို့ ဥပမာ ပေးထား ပါတယ်။
Positive Personality
Small Business စလုပ်တဲ့အခါ ငွေကြေးအရခက်ခဲမယ်။ စည်းမျဉ်းဥပဒေ အရ ခက်ခဲမယ်။ လူမှုရေးအရ ခက်ခဲမယ်။ လုပ်ငန်းသဘောရ ခက်ခဲမယ် အစရှိသဖြင့်ပေါ့။ အဲ့လိုမျိုး အခက်တွေကြုံတိုင်း လက်လျော့ဖို့ စိတ်ကူးမယ်။ အတားအဆီးတွေကြုံတိုင်း နောက်ဆုပ်ဖို့ချည် စဉ်းစားမြင်နေရင်တော့ မအောင်မြင်ပါဘူး။ Positive ကျတဲ့ အကောင်းမြင်နိုင်သော အတွေးအခေါ် အယူအဆ ရှိကြတာက အောင်မြင်သော Entrepreneur များရဲ့  အရည် အချင်း တစ်ခု ဖြစ်ပါတယ်။ ပြဿနာတိုင်းကို လှေကားထစ်လို့ သဘောထားပြီး နင်းတက်ဖို့ပဲ စိတ်ကူးကြပါတယ်။
A Mentor
Mentor လို့ခေါ်တဲ့ ကိုယ့်ကို ကြီးကြပ်ကွပ်ကဲမယ့် လူတစ်ယောက် လည်း အောင်မြင်တဲ့ Entrepreneur အများစုမှာ ရှိတတ်ကြပါတယ်။ Overall Process အတွက် Mentoring လုပ်တ မဟုတ်ပဲ တစ်စိတ်တစ်ပိုင်း ကိုပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ Motivate လုပ်ပေးတာပဲ ဖြစ်ဖြစ်၊ guide line ပေးတာပဲ ဖြစ်ဖြစ် တစ်စုံ တစ်ယောက် ရှိနေတာကလဲ အးသာချက် ပါ။ ဆွေမျိုးရင်းချာ အုပ်ထိန်းသူ မဟုတ်တောင် ဆရာ ဖြစ်ဖြစ် ရှိနေ ရင် Entrepreneur တစ်ယောက်အတွက် အားသာချက် ဖြစ်သွားပါတယ်။
ဒါကြောင့် အနှစ်ချုပ်လိုက်ရင် အောင်မြင်တဲ့ Entrepreneur များမှာ Professional Experience, A Business Plan, Positive Personality, A Mentor အစရှိတဲ့ အရာ လေးခုကို ပိုင်ဆိုင်ထားကြောင်း ရေးသား ဖော်ပြ ထားပါတယ်။
.
Ref: businessnewsdaily
TechSpace Journal
နိုင်ငံခြားသားခံယူခြင်းနှင့် မျိုးချစ်စိတ်ပြဿ
$
0
0
ယူချင်လွန်းလို့ ယူလိုက်တာမှ မဟုတ်ဘဲဗျာ။ အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ ဆိုတော့ ကျွန်တော်တော့ အခမ်းအနား မတက်ခဲ့ဘူး” လို့ ကျွန်တော့်လို နိုင်ငံသား ခံယူထားပြီး မနှစ်ကတည်းက နိုင်ငံသား ဖြစ်သွားတဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။ ဒီအခမ်းအနားဟာ မဖြစ်မနေ တက်ရမယ့် ပွဲမဟုတ်တဲ့အတွက် အခမ်းအနား မတက်လည်း ကိုယ့်ရဲ့နိုင်ငံသား ခံယူထားမှုက ဘာမှထိခိုက်စရာ မရှိဘူးလို့ သူကရှင်းပြပါတယ်။
ကျွန်တော်ကတော့ ဒါတွေကို သိပ်မသိ။ နော်ဝေနိုင်သား ခံယူနိုင်ဖို့ နော်ဝေစာနဲ့ စကားကို သတ်မှတ်နာရီ ပြည့်အောင် သင်ထားတယ် ဆိုပေမယ့် ကောင်းကောင်း ဖတ်တတ်၊ ပြောတတ်တာ မဟုတ်သေးပါ။ “အခမ်းအနားတက်ရင် ကိုယ်ကပါ အလိုတူအလိုပါ တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားမလားဆိုပြီး စိတ်ထဲမှာ စွဲနေလို့ မတက်တာဗျို့” လို့ သူကဆိုပါတယ်။ တက်သင့်မသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ကျွန်တော်ဟာ သူရဲ့အိုင်ဒီယာကို ကြားရပြီးတဲ့နောက် အဲဒီအခမ်းအနားဆီ မတက်ဖြစ်လိုက်တော့ပါဘူး။
တစ်ဆက်တည်းမှာပဲ ‘အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ’ ဆိုတဲ့ စကားလုံးကို အသေအချာ ပြန်စဉ်းစားနေမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အခုလို စက်တင်ဘာလအတွင်း စစ်တပ်အာဏာ သိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး တောခိုခဲ့ကြတဲ့ ကျွန်တော်တို့ ကျောင်းသားတွေမှာ နော်ဝေနိုင်ငံဆီ သွားပြီး နော်ဝေနိုင်ငံသား အဖြစ် ခံယူဖို့ အစီအစဉ် ဘယ်ရှိပါ့မလဲ။ မူလအစီအစဉ်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ သက်သက်မျှသာ ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတစ်ရပ် အောင်ဖို့ဆိုတာ အသက်စွန့်တိုက်နေရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ တခြား အချက်အလက်တွေ အများကြီး လိုဦးမှာပေါ့။ ဒီလိုနဲ့ လူကြီးသူမတွေ ပြောနေကျ စကားအတိုင်း ‘ကာလရွေ့လျားလာတာ နဲ့အမျှ’ ကျွန်တော်တို့ တောခိုကျောင်းသား ABSDF အဖွဲ့ဝင် တွေဟာလည်း တိုက်ပွဲမှာ ကျသူကျ၊ ငှက်ဖျားနဲ့ ဆုံးသူဆုံး၊ အိမ်ပြန်သူပြန်၊ နိုင်ငံခြား ထွက်သူထွက်၊ ဆက်တိုက်သူတိုက် စသဖြင့် လမ်းအသွယ်သွယ်နဲ့ ခရီးဆက်ရင်း အခုတော့ ကျွန်တော်အပါအဝင် တောခိုကျောင်းသားဟောင်း တချို့ဟာ နိုင်ငံခြားသား ခံယူရတဲ့ အခြေအနေအထိ ဆိုက်လာခဲ့တယ် ဆိုပါတော့။
၂၀၀၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း နော်ဝေနိုင်ငံဆီ ရောက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ ၃၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အများစုဟာ တောခိုကျောင်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ နော်ဝေ ဥပဒေအရ သူ့နိုင်ငံဧရိယာ ထဲမှာ ခုနစ်နှစ်ကြာ ဆက်တိုက်နေထိုင်ပြီးသူတိုင်း နော်ဝေ ဘာသာစကားကို သတ်မှတ်ထားတဲ့ နာရီပြည့်အောင် သင်ထားပြီးသူတိုင်း နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိ တဲ့အတွက် ခုနစ်နှစ် ပြည့်ပြီး သူတိုင်းနီးပါး နိုင်ငံသားအဖြစ် လျှောက်ထားကြတာကို တွေ့ရပါတယ်။
ဒါက နော်ဝေက အခြေအနေပါ။ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန် အပါအဝင် တခြားဥရောပ နိုင်ငံတွေမှာလည်း ၁၉၈၈ နောက်ပိုင်း ထွက်လာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ တစ်ခါ မြန်မာတွေ အများဆုံး ရောက်နေတဲ့ အမေရိက၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့မှာဆိုရင် နိုင်ငံသားခံယူမှုက ဥရောပထက်တောင် ပိုလွယ်၊ ပိုမြန်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ၊ တခြား နယ်စပ်စခန်း တွေကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ သုံးသောင်း ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် အသေအချာစာရင်း ပြုစုထားတာမျိုးတော့ မတွေ့ရသေးပါ။
ဒီလူတွေထဲက ဘယ်လောက်များများ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ် သို့မဟုတ် မြန်မာနိုင်ငံက လူတွေအပြောတိုင်း ဆိုရင် ‘နိုင်ငံခြားသား’ အဖြစ် ခံယူထားသလဲဆိုတာ မသိနိုင်ပါ။ ဒါပေမဲ့ အခုတစ်လော မြန်မာနိုင်ငံဆီ ပြန်လည်တဲ့လူတွေ များလာနေတဲ့အတွက်၊ တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် နိုင်ငံခြားသား ခံယူပြီးမှ ဒီလိုပြန်လည်နိုင်တဲ့အတွက် နိုင်ငံခြားသားအဖြစ် ခံယူပြီးသူ ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေလောက်ပြီ ဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဧပြီလကုန်ပိုင်းမှာ နော်ဝေနိုင်ငံသား စာအုပ် ရတဲ့အတွက် မေလထဲမှာ မြန်မာနိုင်ငံဆီ သွားလည်ခွင့် Visa ရခဲ့ပြီး ဒါဟာ ၂၅ နှစ်တာအတွင်း ပထမဆုံးသော ပြည်တော်ပြန် ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ တခြားလူတွေထဲမှာလည်း ကျွန်တော့်လို မြန်မာနိုင်ငံ ပြန်ချင်လို့ နိုင်ငံခြားသား ခံယူလိုက်ရသူတွေ ရှိနိုင်သလို အခြားအကြောင်း အမျိုးမျိုးကြောင့် ခံယူလိုက်ရသူတွေ ရှိနိုင်ပါတယ်။
သေချာတာတော့ နိုင်ငံခြားသား ဖြစ်ချင်လွန်းလို့၊ သို့မဟုတ် မြန်မာနိုင်ငံသား မဖြစ်ချင်တော့လို့၊ မြန်မာနိုင်ငံကို မချစ်တော့လို့ နိုင်ငံခြားသားအဖြစ် ခံယူလိုက်သူကတော့ မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒီလိုရှည်လျားထွေပြား နိဒါန်းချီ နေရသလဲဆိုရင် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားသားအဖြစ် ခံယူလိုက်ရသူတွေကို မျိုးချစ်စိတ်မရှိ သူတွေ၊ အမေကျော်ဒွေးဒေါ် လွမ်းသူတွေအဖြစ် ဝေဖန်သံတွေ ကြားလာနေရလို့ ဖြစ်ပါတယ်။
တချို့ဝေဖန်သူ တွေကတော့ နိုင်ငံခြားသားအဖြစ် မခံယူဘဲ PR (Permanent Resident- အမြဲတမ်း နေထိုင်ခွင့်) အဖြစ်ပဲ ယူထားပြီး မြန်မာနိုင်ငံ ပြန်လည်ရင်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးမြန်း သိရှိသလောက်ကတော့ PR သမားတွေ မြန်မာနိုင်ငံ ပြန်လည်မယ်ဆိုရင် နိုင်ငံသားအဖြစ် ခံယူထားသူလို ပုံမှန်လမ်းကြောင်းအတိုင်း Social Visa နဲ့ မသွားနိုင်သေးဘဲ သံရုံးအရာရှိတွေ၊ မြန်မာနိုင်ငံက အစိုးရအရာရှိတွေရဲ့ ခွင့်ပြုချက် စောင့်ရသေးတယ်လို့ ဆိုပါတယ်။ တစ်ခါ နိုင်ငံခြား ခရီးသွားလက်မှတ် (Travel Document) ကိုင်ပြီး မြန်မာနိုင်ငံဆီ အဝင်အထွက် လုပ်နေသူ တွေဟာလည်း အလားတူ သက်ဆိုင်ရာ သံရုံးနဲ့ အစိုးရ အရာရှိတွေဆီက ခွင့်ပြုချက်ရပြီးမှ သီးခြားစာရွက်မှာ အထူး Visa စာရွက်ကပ်ပြီး သွားနေကြရတာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ သံရုံးတွေ၊ အစိုးရအရာရှိတွေ၊ အာဏာပိုင်တွေနဲ့ ဘာမှစကားပြောစရာ မလိုဘဲ သာမန်နိုင်ငံသား တစ်ဦးအနေနဲ့ ခရီးသွားချင်တယ်ဆိုရင် နိုင်ငံသားလက်မှတ် ရှိသူတွေက အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။ ဒါက အခုမြန်မာနိုင်ငံဆီ ပြန်လည်ခွင့်ရပြီဆိုတဲ့ အနေအထားရောက်မှ နိုင်ငံခြားသား ခံယူသူတွေရဲ့အခြေအနေကို ပြောတာပါ။
ဒီမတိုင်ခင်ကတည်းက နော်ဝေမှာ ခုနစ်နှစ် ပြည့်ပြီးသူတွေ၊ တခြားနိုင်ငံ အသီးသီးမှာ သတ်မှတ်အချိန်နဲ့ သတ်မှတ် ဘာသာစကားရပြီးလို့ နိုင်ငံခြားသား ခံယူလိုက်သူတွေလည်း အများကြီး ရှိမှာပါ။ ဆိုလိုတာက နိုင်ငံခြားသား ခံယူတာဟာ မြန်မာနိုင်ငံ ပြန်လည်ခွင့်ရဖို့ တစ်ခုတည်း အတွက်တော့ မဟုတ်ပါဘူး။
ဒါဖြင့် ဘာကြောင့် နိုင်ငံခြားသားအဖြစ် ခံယူကြတာလဲ။ တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်။ ကဲ ... ဒါဆိုရင် နိုင်ငံခြားသား ခံယူပြီးသူတွေက မြန်မာနိုင်ငံဆီ ပြန်မလာ တော့ဘူးလား။ ဒါကလည်း တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်တာပါပဲ။ ဒီလူတွေ မြန်မာနိုင်ငံဆီ ပြန်လာရင် PR (Permanent Resident - အမြဲတမ်း နေထိုင်ခွင့်) အဖြစ်နဲ့ နေကြမှာလား။ မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်ရမှာလား။ နိုင်ငံရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေက ဘယ်လိုရှိမလဲ။ ဒါကတော့ တစ်ဦးချင်းနဲ့ မဆိုင်တော့ဘဲ သူတို့ကို ပြန်လက်ခံမယ့် အစိုးရတွေ၊ ပါလီမန်တွေနဲ့ ဆိုင်သွားပါပြီ။ ဒီအတွက် PR စနစ်နဲ့ ပြည်တော်ပြန်တွေကို ငါးနှစ်တာ နေထိုင်ခွင့်ပေးမယ့် ဥပဒေတစ်ရပ် ပါလီမန်မှာ အတည်ပြုဖို့ ပြင်နေတယ်လို့ ကြားရပါတယ်။
ဒီလိုပြန်လာတဲ့ လူဦးရေက ဘယ်လောက်အထိ ရှိမှာမို့လို့လဲ။ သူတို့အတွက် ဒီလောက်အထိ စဉ်းစားပေးစရာ လိုလို့လားဆိုပြီး မေးခွန်းထုတ် သူလည်းရှိရင် ရှိနိုင်ပါတယ်။ တစ်ခါ ဒီလူတွေက ပြန်လာမယ်ဆိုလည်း အပြီးပြန်လာတာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထွက်သွားတယ်ပြောပြီး နိုင်ငံရေး အခြေအနေကောင်းတော့ ဘာကြောင့် အပြီးပြန်မလာရဲ သေးတာလဲ ဆိုပြီးလည်း မေးနိုင်ပါတယ်။ ပြီးတော့ ဒီလူတွေက နိုင်ငံခြားမှာ အနေကြာသွားလို့ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့ ပြည်သူတွေနဲ့အတူ မနေနိုင်တော့ ဘူးလား။ ဒီလူတွေက မျိုးချစ်စိတ် မရှိတော့လို့ မြန်မာနိုင်ငံဆီ ပြန်မလာတော့ တာလားပေါ့။
‘ဘဝဟာ တစ်ခါတစ်ခါ စိတ်နာဖို့ ကောင်းပါတယ်’ ဆိုတာ ဒါမျိုးကို ခေါ်တယ်ထင်ပါရဲ့။ မျိုးချစ်စိတ် ရှိလွန်းလို့ တစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင် စစ်အစိုးရကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ အခုတော့ မျိုးချစ်စိတ် မရှိလို့ နိုင်ငံခြားသား ခံယူသူတွေအဖြစ် စွပ်စွဲခံ နေရပါရော့လား။ ၂၅ နှစ်ဆိုတဲ့ ကာလဟာ လူတွေရဲ့စဉ်းစားပုံနဲ့ တွေးခေါ်ပုံတွေကိုပါ ပြောင်းလဲသွားစေနိုင်သလား။
အတိတ်မှာ အမှားတွေ ကျူးလွန်ခဲ့သူတွေက ယူနီဖောင်း လဲလိုက်ရုံနဲ့ အာဏာကို ဆက်ကိုင်ထားနိုင်တဲ့အခါ အဲဒီလူတွေကိုပဲ အောင်ပွဲရသူတွေအဖြစ်၊ ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက် ကြတော့မှာလား။ အဲဒီလို အမှားကျူးလွန် ခဲ့သူတွေကို ဖြုတ်ချဖို့ ကြိုးစားခဲ့သူတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ရ သူတွေကိုတော့ အောင်ပွဲရအောင် မဆောင်ရွက်နိုင်သူတွေ၊ မျိုးချစ်စိတ် မရှိလို့ ပြည်ပထွက်သွားသူတွေ အဖြစ် စွပ်စွဲကြတော့မလား။
အနှစ်ပြန်ချုပ်ရရင်တော့ နိုင်ငံခြားသား ခံယူမှုဆိုတာ အခြေအနေအရ၊ သက်ဆိုင်ရာ လူတစ်ဦးချင်းရဲ့ လိုအပ်ချက်အရ ဖြစ်သွားရတဲ့ အနေထားလို့ ဆိုချင်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေး ကာလကို သွားနေပြီလို့ ဆိုပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ နိုင်ငံရေး အာမခံချက် ဘာမှမရှိသေးပါ။ ပြန်လာသူတွေကို မဖမ်းပါဘူးလို့ အာမခံချက် ပေးထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာမှမတွေ့ရသေးပါ။ ငြိမ်းချမ်းရေး လုပ်နေတဲ့ ဝန်ကြီးနဲ့ပိုင်မှ၊ သမ္မတရုံးဝန်ကြီးနဲ့ သိမှ၊ လွှတ်တော်အမတ်နဲ့ ဆွေမျိုးတော်မှ၊ သံအမတ်နဲ့ခင်မှ အဆင်ပြေတယ်ဆိုတဲ့ အဆင့်ကကို မကျော်နိုင်သေးပါ။
ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဆီ အပြီးပြန်လာရဲသူ ဘယ်ရှိပါ့ဦးမလဲ။ နိုင်ငံခြားသား ခံယူထားမှုကိုလည်း ဘယ်စွန့်လွှတ်ရဲဦးမလဲ။ လွှတ်တော်က ပြဋ္ဌာန်းပေးမယ်လို့ ပြောနေတဲ့ PR ဥပဒေ၊ အမြဲတမ်း နေထိုင်ခွင့် ဥပဒေ ထွက်လာပြီး ငါးနှစ်တာ နေထိုင်ခွင့်ရမယ် ဆိုရင်တော့ ပြည်ပရောက်နေသူ အတော်များများ ပြန်လာကြမယ်လို့ ထင်ပါတယ်။
အခုလောလောဆယ် အချိန်မှာတော့ အတွင်း-အပြင်၊ နိုင်ငံသား-နိုင်ငံခြားသား စသဖြင့် အချင်းချင်း အငြင်းပွားမှုကို အဆုံးသတ်ပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေးမှာ အားလုံးပါဝင် လက်တွဲ ဆောင်ရွက်နိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအာဏာယူမယ့် လူတွေ အတွက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဖြစ်ဆိုတဲ့ ဘောင်တွေနဲ့ စည်းခြားထားတာကို သဘာဝကျတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံရေးအာဏာအတွက် မဟုတ်ဘဲ တိုင်းပြည် တည်ဆောက်ရေး အတွက် ဆောင်ရွက်ဖို့ ပြန်လာသူတွေ ကိုတော့ ဒီလိုစည်းဘောင် မခြားထားသင့်ဘူးလို့ ထင်မိပါတယ်။
တစ်ချိန်တည်းမှာပဲ နယ်စည်းခြားပြီး ဘာလူမျိုး၊ ဘာနိုင်ငံသားဆိုတဲ့ ခွဲခြား သတ်မှတ်ချက်တွေကို ကျော်လွန်နိုင်တဲ့ခေတ်၊ လူသားအားလုံးကို ကမ္ဘာသူ ကမ္ဘာသားအဖြစ် အားလုံးတန်းတူ ခံယူနိုင်တဲ့ ခေတ်မျိုး အမြန်ရောက်လာစေဖို့လည်း မျှော်လင့်နေမိပါတယ်။
thevoicemyanmar
မြုံနေသည့် အမျိုးသမီးများ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာ တွေ့ရှိ
$
0
0
မြုံနေသော အမျိုးသမီး ၏ သား အိမ်အတွင်း၌ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာသစ် တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ပြီး ၄င်း နည်းပညာ သုံး၍ ဂျပန် အမျိုးသမီး အား ကလေး မီးဖွား စေခဲ့ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင် များက စက်တင်ဘာ ၃ဝ ရက် တွင် ပြော ကြားခဲ့သည်။
စတန်းဖို့ဒ် တက္ကသိုလ်ရှိ သားဖွား နှင့် မီးယပ်ရောဂါ ဌာနမှ ပါမောက္ခ အာရွန်ဆန် သည် မြုံနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ် အတွင်း၌ မျိုးဥဖြစ် ထွန်းစေသည့် နည်းသစ် တစ်ခု အား ရှာ ဖွေတွေ့ရှိခဲ့သည်။
အဆိုပါ နည်းပညာသစ် မှာ ကနဦး အဆင့်၌သာ ရှိသေးသော်လည်း မျိုးဥ မထုတ် လွှတ်နိုင်တော့သည့် သားအိမ် ရှိသော အမျိုးသမီးငယ် များ အတွက် မျှော်လင့်ချက် တစ်ခု ပင် ဖြစ်သည်။
၎င်း အမျိုးသမီး များသည် ငယ်ငယ် ရွယ်ရွယ်နှင့် သွေးဆုံးကြပြီး ကိုယ်ဝန် ဆောင်လိုပါက မျိုးဥ လှူဒါန်းခြင်း တစ်ခု သာ ရွေးချယ်စရာ ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ခြင်းမှာ သားအိမ် အလုပ် မလုပ်ခြင်း ဖြစ်ပြီး အသက် ၄ဝ မတိုင်ခင် အရွယ် ၌ပင် သားအိမ် အလုပ်လုပ်ခြင်း မရှိပေ။
အဆိုပါ သုတေသန ပြုလုပ်မှုအား ဂျပန်နိုင်ငံ၌ ပြုလုပ်ခဲ့ရာ ယင်းကဲ့သို့ ဖြစ်ပွားနေသူ အမျိုးသမီး ၂၇ ဦးပါဝင် ခဲ့ပြီး ပျမ်းမျှ အသက် ၃၇ နှစ် အရွယ်များ ဖြစ်ကြသည်။ ၄င်းတို့ထဲ၌ ၁၃ ဦး၏ သားအိမ် ကြွင်းကျန်နေသော မွေးညင်း ပေါက်လေးများ ရှိသေးပြီး ၄င်းမွေညင်း ထဲ၌ မကြီးထွားသေးသော မျိုးဥ တစ် ခုရှိသည်။
အဆိုပါ နည်းပညာ သစ်အား နောက် ထပ်တစ်ဆင့် စစ်ဆေးရာ၌ မြုံခြင်းနှင့် ဆိုင်သော ရောဂါ ဝေဒနာများအား တိုက်ဖျက်နိုင်မှု ရှိ မရှိကို မျှော်လင့်လျက် ရှိကြောင်း သုတေသန ပညာရှင်များ က ပြောကြားသည်။
သိင်္ဂီဝင်း
popularmyanmar
စကားပြော အတတ်ပညာ
$
0
0
လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ ကိုယ်နေကိုယ်ဟန်ထဲမှာ စကားပြောခြင်း အတတ်ပညာကလည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ ရိုးရိုးရှင်းရှင်း ပေးလိုက်ပေမဲ့ စာဖတ်တဲ့ မိတ်ဆွေများ အနေနဲ့ ဇဝေဇ၀ါ ဂွကျတာတွေ ဖြစ်နိုင်ကောင်းပါတယ်။
စကားပြောတတ်ကြစေဖို့  ပါပဲ ။ ဒါပေမဲ့ ရည်ရွယ်ချက်က စကားပြောတတ် ဖို့ တင် သက်သက်မဟုတ်ပြန်ပါဘူး ။
ပြောရရင် အစည်းအဝေးပွဲတွေမှာ ၊ မာကတ်တင်း ဆင်းတဲ့ နေရာတွေမှာ ၊ ဟောပြောပွဲ ၊ သင်တန်း ၊ ဖိုရမ် ၊ ၀ပ်ရှော့ စသဖြင့် လူအချင်းချင်း ဆက်ဆံရတဲ့ နေရာတွေမှာ  Public Relation & Pubic Speaking ဆိုတဲ့ အဓီက ကျတဲ့ ဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ ဒါမှ မိမိ ပြောချင်တဲ့ အကြောင်းအရာ ၊ ဆွေးနွေး တင်ပြချက်က ထိရောက်မယ် မဟုတ်ပါလား ။
ဒီတော့ ဖတ်မိတဲ့ အကြောင်းအရာလေးကို ပြန်လည် မျှဝေရင်း မိတ်ဆွေတို့ ရဲ့  တန်ဖိုးရှိတဲ့ အချိန်အနည်းငယ်ကို ဒီအကြောင်းအရာအတွက်ပေးအပ်စေလိုပါတယ်။
ဖြည်းဖြည်းပြောပါ
လူတွေဟာ စိတ်ဖိဆီးနေတဲ့အချိန် ၊ စိတ်လှုပ်ရှားနေတဲ့ အချိန်ဆိုရင် စကားပြော မြန်တတ်ကြပါတယ်။ သေချာတာကတော့ စကားပြော မြန်ခြင်းဟာမကောင်းတဲ့ အမူအကျင့်ပါပဲ။ လူထုဆက်ဆံရေး လုပ်တဲ့ အချိန်မှာ စကားပြော မြန်ရင် ကိုယ့်စကားလုံး တွေနဲ့  ကိုယ်ခလုတ် တိုက်နိုင်ပြီး ကိုယ်ပြောရတဲ့သူကို ကြောက်ရွံ့ နေတယ်
လို့ ထင်စေနိုင်ပါတယ်။ ဒီတော့ စကားပြောမြန်တတ်တဲ့ သူဆိုရင် အရှိန်လေးကို နည်းနည်းစီ လျော့ခြင်းဖြင့် သင့်ရဲ့ စကားသံကို နားထောင်နေတဲ့ သူတွေကို ပိုပြီး နားလည်မှု ရရှိ စေရ ပါမည်။
နေရာပြောင်းပါ
သင့်စကားပြောတဲ့ အချိန်မှာ လူအရေအတွက် လိုက် စကားပြောတဲ့ နေရာကို ပြောင်းလဲတတ်ရပါမယ်။ မိမိစကားကို နားထောင်တဲ့ သူတွေကို ပိုပြီး အာရုံစိုက်မှု ရရှိစေဖို့  နဂိုထိုင်နေတဲ့ နေရာကနေ ပြောင်းသင့်ရင် ပြောင်းရပါမယ်။ အစည်းအဝေးခန်းထဲမှာ လူနှစ်ယောက် လောက်နဲ့ ပြောရတယ် ဆိုရင် ခေါင်းကို မော့ထားပြီး ပြောပါ။ လူများတဲ့ အဖွဲ့ ကြီးကို ပြောရမယ် ဆိုရင်တော့ မတ်တပ် ထပြီး ပြောပါ။ ဒါမှ သင့်စကား သူတို့ ဆီ ရောက်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ အသံနဲ့  ကိုယ်ဟန်အမူအရာများဟာကိုယ့်ကိုယ် ယုံကြည်မှု ကို ရှိစေတဲ့ ပုံဖြစ်စေပါတယ်။
ပရိသတ်အပေါ် မူတည်ပြီး အသံကို ထိန်းညှိပြောပါ
ကျနော်တို့ ဆရာတော်တော်များများ ပြောတတ်ကြပါတယ်။  စကားပြောတဲ့ အခါ ကျယ်ကျယ်နဲ့  ရှင်းရှင်းလင်းလင်းပြောဖို့ ပါ ။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားနောက်ဆုံးနှစ်မှာ ကြုံဖူးပါတယ်။ Term paper တင်ရမျိုးပါ။ အဲ့ဒီအခါ အဖွဲ့ မှာ တစ်ယောက်က ကိုယ့် အဖွဲ့ လုပ်တဲ့ Term Paper Project ကို Presentation လုပ်ရတာ ရှိပါတယ်။  ကျနော့်အဖြစ်တုန်းကဆိုရင် Physics ကျောင်းသား ဖြစ်တဲ့ အတွက် diode ကောင်းမကောင်းစမ်းတဲ့ LED မီးသီးလေးတွေ ချိတ်ဆက်ပြီး စမ်းသပ်ရတဲ့ အကြောင်းကို  မေဂျာ ပါမောက္ခ နဲ့  ကထိကတွေ အရှေ့ မှာ ဖတ်ပြီး ရှင်းလင်းပြရပါတယ်။ကိုယ့် Term Paper အဖွဲ့ မှာ ၈ ယောက်လောက် ပါပေမဲ့ Presentation မလုပ်ခင် တစ်ယောက်ချင်းစီကို ဖတ်ခိုင်း အသံထွက် ရှင်းလင်းပြီး ကျယ်တဲ့ သူတို့  တတ်ပြာ ခိုင်းတော့ ကျနော်ပါသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ပထမဆုံး Power Point နဲ့ ထိုးပြီး ရှင်းလင်းပြရတာကို ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရလို့  မှတ်မိနေဆဲပါပဲ  ။ ပြောချင်တာက စကားလုံးကို ရှင်းလင်းပြီး အသံကို ကျယ်ကျယ်ပြောနိုင်ရမယ် ဆိုတာပါ။
ကိုယ့်စကားသံကို ကိုယ်မရှက်ပါနဲ့ 
စကားပြောကောင်းကြတဲ့ အကြောင်းအရင်းထဲမှာ ကိုယ်ပိုင်ဆွဲဆောင်မှု ပေးနိုင်တဲ့ စကားလုံးလေးတွေလည်း ပါဝင်ပါတယ်။ တိုင်းရင်းသားမို့ လို့ အသံဝဲလို့ စိတ်ပူတာမျိုး ဖြစ်ဖူးသလား ။သေချာလေး ထိန်းပြီး ပြောသွားပါ ။ ကိုယ်ပြောတဲ့ အကြောင်းအရာက အချိတ်အဆက်မီပြီး ထိမိရင် စကားဝဲတာတောင် နားထောင်ရတာ တစ်မျိုးလေးနဲ့ စွဲသွားတာမျိုး ဖြစ်သွားပါလိမ့်မယ်။အဓီက ကတော့ စကားပြောစွမ်းရည်အတွက် အချက်အလက်ကျကျ ပြောတက်ဖို့ သာ အရေးကြီးပါတယ်။
အသံနှုန်းကို ချိန်ဆပါ
မိမိ စကားပြောတဲ့ အချိန်မှာ အရေးကြီးတဲ့ အကြောင်းအရာ ၊ မှတ်မိစေလိုတဲ့ အကြောင်းအရာ နဲ့  သာမန်အကြောင်းအရာ ပြောတဲ့ နှစ်ခုမှာ အသံအနိမ့်အမြင့် ဆိုတာ ရှိပါတယ်။ဘယ်လို အသံနှုန်းနဲ့ ပြောတဲ့ အကြောင်းအရာ ဖြစ်ပါစေ တစ်ဖက်လူရဲ့  နားထဲကို လျောလျောရှုရှု ရောက်သွားဖို့ အရေးကြီးပါတယ်။ ငယ်သံပါအောင်သံပေါက်တဲ့ အသံနှုန်းမြင့်တဲ့ စကားသံများဟာ တစ်ဖက်သားကို ကြောက်လန့် နေပုံ ဖြစ်စေပြီး ၊ အသံနှုန်းနိမ့်ပြီး ပြောတဲ့ စကားသံကတော့ တခါတလေ အမိန့် အဏာ ဆန်တဲ့ စကားသံပုံ ပေါက်စေ ပါတယ်။ စကားသံ အနိမ့်အမြင့်က ကိုယ်ပေးချင်တဲ့ စကားကို ပိုပြီး အားကောင်းစေပါတယ်။မေးခွန်းမေးတဲ့ အခါမှာ အဆုံးသတ်ကို အသံနှုန်းမြင့်ပြီး ပြောပါ။ ကြေငြာစာတမ်းလို ထုတ်ပြန်ချက်တွေ ဖတ်တဲ့ အခါမှာ စကားအဖြတ်အတောက်ကို အသံနိမ့်ပြီး ပြောပါ။
မိမိအသံနဲ့ ခံစားချက်ကို ညီပါစေ
ကိုယ်ပြောတဲ့ စကားလုံးနဲ့ ကိုယ် ဟန်ပန်အမူအရာဟာ လိုက်ဖက်မှု ရှိရပါမယ် ။ အားပေးတဲ့ စကားပြောပြီး မျက်နှာပျက်နေတာမျိုး မလုပ်သင့်ပါဘူး ။ ကိုယ်ပြောတဲ့ စကားသံဟာ ကိုယ့်ပရိသတ်ကို ကိုယ်နဲ့ ထပ်တူ ခံစားမှု တွေ ပေးနိုင်စွမ်း ရှိရပါမယ်။ကိုယ့်အသံကိုယ် ကောင်းကောင်း ထိန်းချုပ်ပြီး အသုံးချနိုင်တဲ့ သူများဟာ စီးပွားရေး နယ်ပယ်မှာတင်မက လူမှုရေး နယ်ပယ်မှာလည်း အောင်မြင်မှု ရရှိစေပါတယ်။ ဒီအတွက် အချိန်ပေးပြီး ဆရာတစ်ဆူဖြစ်လာအောင် လေ့ကျင့်ကြမယ် ဆိုရင် တစ်ချိန်ချိန် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုး တွေ ရရှိစေမှာ မလွဲမသွေပါပဲ။
Lynntazaung
searchmyanmar
Youtube ထဲက သီချင်း နှင့် ဗီဒီယို ဇာတ်ကား များကို Blog ထဲ ကူးတင်နည်း
$
0
0
Youtube
ဒီနည်းလေးကတော့ လွယ်တော့လွယ်ပါတယ် မေးသူရှိနေသေးလို့ မျှဝေလိုက်ပါသည်
ဗီဒီယိုတွေ သီချင်းတွေကို ဘလော့ထဲမှာ တင်ချင်ရင်  သီချင်းအောင်နားမှာ ပါလာတဲ့
Share == > Embed ကိုယူလိုက်ပါဘလော့ထဲရောက်ရင် စာရေးတဲ့နေရာ အပေါ်မှာ
Compose နဲ့  HTML ဆိုတာရှိတယ် HTML ကိုနှိပ်ပြီး ယူလာတဲ့ Embed ကုဒ်ကိုချ
ပြီးရင် Compose ကိုပြန်နှိပ် စာလေးဘာလေး ဆက်ရေးလို့ ရတာပဲ။ နောက်တစ်ခုက
ဘလော့ထဲကို တန်းပြီး အလိုလို ရောက်သွားတဲ့နည်း ။ Facebook ဆိုတဲ့ စာအောက်
မှာ မျှားလေးဆွဲချပြီး Blogger ကို ရွေးလိုက်တာနဲ့ အလိုလို ဘလော့ထဲ ၀င်လာမယ်
နှစ်သက်ရာ အဆင်ပြေရာ သဘောကျရာ နည်းလမ်းကို သုံးပါ.............................။
.
Viewing all 280 articles
Browse latest View live